တခေတ်တခါက မြန်မာပြည်မှာ လူကြိုက်အလွန်များပြီး ပျောက်ကွယ်သွားရတဲ့ သုံးဘီးကားလေးများ
တခေတ်တခါက မြန်မာပြည်မှာ လူကြိုက်အလွန်များပြီး ပျောက်ကွယ်သွားရတဲ့ သုံးဘီးကားလေးများ…
၁၉၅၉ ခုနှစ်မှာ စထုတ်ခဲ့ပြီး အစီးရေ ၂ သိန်း ၈ သောင်းထုတ်လုပ်တယ်။ ၁၉၆၉ မှာထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာပြည်ကို ၁၉၆၀ ခုနှစ်လောက်မှာ စရောက်လာတယ်။တရားဝင်နာမည်က Mazda k360 ဆီစားအလွန်သက်သာတာကြောင့် အုံနာ ဒရိုင်ဘာ စီးသူခရီးသယ် အလွန်သဘောကျပါတယ်။
စတင်ဒီဇိုင်းလုပ်တာ ကုန်တင်ဖို့ဖြစ်ပေမဲ့ မြန်မာပြည်မှာတော့ လူစီး Taxi အဖြစ်သုံးတာများတယ်။ ကုန်လဲတင်ပါတယ်။ ရုန်းအားကောင်းတယ်။ မီတာလေးပါပါတော့ အတော်အဆင်ပြေပါတယ်။ မီတာကပထမတမိုင်ကို ၅၀ ပြား၊ နောက်တမိုင်မပြည့်ခင် ၁၀ ပြားစီ ၅ ခါခွဲတက်တယ်။ စောင့်ရရင်လဲ ကားမောင်းသူမနစ်နာရအောင် ကာလတခုကို ၁၀ ပြားတက်တယ်။
ကားရှေ့ခန်းမှာ ခရီးသည် ၁ ယောက်မိုးလုံလေလုံ ကျကျနနစီးလို့ရတယ်။ ထိုင်ခုံကတော့ စဝင်တော့ အခုလိုသားရေထိုင်ခုံဖြစ်မလားမသိပေမယ့် နောက်ပိုင်းတွေ့တာတော့ ခုံ frame ကို ပလပ်စတစ်ကြိုးတွေနဲ့ ယက်ထားတဲ့ထိုင်ခုံဘဲ များပါတယ်။
နောက်မှာကမျက်နှာခြင်းဆိုင် ခုံတန်း ၂ တန်းပါတယ် အမိုးကိုင်းပါတယ်။ မိုးရွာရင် ရေရေက်ရအောင် တာလပတ် ၂ ဖက် ပါပါတယ်။ မိုးမရွာရင် လိပ်ထားတာပေါ့။ တဖက် ၂ ယောက်စီးလို့ပြောပေမဲ့ ၃ ယောက်ချောင်ချောင်စီးလို့ရတယ်။
ကျသင့်တာက ဆိုပါတော့… ကျန်တော်တို့က မာရွတ်ဘူတာရုံလမ်းထိပ်ကနေ သမ္မတရုပ်ရှင်ရုံကိုဆို ၂ ကျပ် ၅၀ ပြားကျပါတယ်။ ကားအစီးရေကလဲ များတယ်၊ ဈေးလဲသက်သာတာမို့ လူကြိုက်အလွန်များပါတယ်။ မဆလအစိုးရလက်ထက် ဆီမပေးနိုင်တော့လို့ အကြောင်းမရှိအကြောင်းရှာပြီး ရန်ကုန်မှာမမောင်းရ နယ်ထွက် ဆီရောင်းမပေးရင်းနဲ့ ပျောက်ကွယ်သွားရတဲ့ ပြည်သူ့ကားလေးတွေပါ။