ကမ္ဘာ့ဈေးအသက်သာဆုံး ဒံပေါက် သင်္ဃန်းကျွန်းမှာ လာပါပြီ (အဝစားမှ ၅၀၀ ကျပ်ထဲပါ)

အခြေခံလူတန်းစားတွေအတွက် ကျပ် ၅၀၀ တန် ထမင်းဟင်းကို ရွေ့လျားစနစ်နဲ့ ရောင်းချပေးနေရုံ သာမက မနက်ဖြန် ဒီဇင်ဘာ ၁၈ ရက်နေ့မှာလည်း ကျပ် ၅၀၀ တန် မြန်ကောင်းသက်သာ ဒံပေါက်အဝစား ရောင်းချပေးဖို့ စီစဥ်နေတယ် လို့ YG ပရဟိတလူငယ်အသင်း ဦးဆောင်သူ ကိုဇင်လင်းအောင် ကပြောပါတယ်။

ကျပ် ၅၀၀ တန်ဟင်းကိုတော့ သင်္ဃကျွန်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီးတာ့ တရက်ခြား တခါ ရွေ့လျားစနစ်နဲ့ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။

လူငယ်တွေပဲ ဦးစီးပြီး လုပ်တာ ဖြစ်ကြောင်း၊ အခြေခံလူတန်းစားတွေ အားလုံး ရစေဖို့ ရွေ့လျားစနစ်နဲ့ ရောင်းချပေးနကြောင်း၊ ယခု အသွင်တမျိုး ဖြစ်အောင် ကျပ် (၅၀၀) နဲ့ ဒံပေါက် အဝစားကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ရောင်းပေးမှာ ဖြစ်ကြောင်း ကိုဇင်လင်းအောင်က ပြောပါတယ်။

ကျပ် ၅၀၀ တန်ထမင်းဟင်းတုန်းကတော့ လူနှစ်ရာစာ ကြက်ဥ၊ဘဲဥဟင်း ငါးဟင်း နဲ့ ငါးပိရည် တို့စရာ အစုံအလင်နဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ရောင်းချမယ့် ကျပ် ၅၀၀ တန် အဝစား ဒံပေါက်ရောင်းမှာကိုတော့ လူ ၁၅၀ စာ စီစဉ်ထားပြီး ရွေ့လျားစနစ်နဲ့ အခြေခံလူတန်းစားများတဲ့ ရပ်ကွက်တွေကို ဦးစားပေး ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒံပေါက် အဝစား (၅၀၀) ကျပ်ဆိုတာကတော့ ကမ္ဘာ့စံချိန်ပါ ချိုးလောက်ပါတယ်။ အင်တာနက်မှာ ဖော်ပြထားတဲ့ ကမ္ဘာ့ဈေးအပေါဆုံး ဒန်ပေါက်တောင် မြန်မာငွေနဲ့ဆို တပွဲ ကျပ် ၇၀၀ ကျော် ရှိပါတယ်။ အဲဒါကြောင့် သင်္ဃန်းကျွန်း လူငယ်အဖွဲ့ ရောင်းချတဲ့ အဝစား (၅၀၀) ကျပ် ဈေးနှုန်းဟာ ကမ္ဘာ့ဈေးအချိုဆုံး ဒန်ပေါက် ဖြစ်သွားပါပြီ။

လှူဒါန်းသူများနှင့် လုပ်အားဒါနပေးကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page