ယခုကာလကြီးမှာ အမျိုးသမီးများ လုံးဝ မလုပ်သင့်တဲ့ အလုပ် (၁၂) ခု (လုပ်မိနေရင် ချက်ချင်း ရပ်ပစ်လိုက်ပါ)

သတိ- အမျိုးသမီးများ ဖတ်ရန်။ အနာဂတ်မှာ အခက်အခဲ မတွေ့ချင်ရင် အောက်ပါအလုပ်များ မလုပ်ရန် သတိပေးချင်ပါတယ်။

၁။ နေ့တိုင်း ဝင်ငွေမရှိပဲ စုမဲ များစုခြင်း။ ၂။ ထီအမျိုးမျိုး ထိုးခြင်း။ ၃။ အတိုးမက်ပြီး ငွေချေးခြင်း။ ၄။ အားနာပြီး ငွေချေးခြင်း။

၅။ မျက်နှာရမလားလို့ ကြားဝင် အာမခံခြင်း။ ၆။ သူများအထင်ကြီးအောင် မရှိကို အရှိဟန်ဆောင်လုပ်ပြခြင်း။ ၇။ သူများကို အထင်ကြီးပြီး လုပ်ငန်းနားမလည်ပဲ ရှယ်ယာထည့်ခြင်း။ ၈။ လုပ်ငန်းနားမလည်ပဲ သူများအကြံပေးသည့်အတိုင်း အလုပ်လုပ်ခြင်း။

၉။ လုပ်ငန်းမကျွမ်းကျင်ပဲ တိုးချဲ့ခြင်း။ ၁၀။ လင်နှင့် ဆွေမျိုးများထံမှ မျက်နှာရအောင် ငွေချေးငှါးပေးခြင်း။ ၁၁။ အတိုးပေါ် အတိုးဆင့် ငွေချေးသံသရာမှ မထွက်ခြင်း။ ၁၂။ ဘာမှ နားမလည်ပဲ အောင်မြင်မှုကို အလျင်အမြန် လိုချင်ခြင်း။

အထက်ပါ ၁၂ ချက်ကို တချက်စီ စဉ်းစားကြည့်ပါ။ ဒီအထဲမှာ ပါနေပြီလား စီစစ်ပါ။ မလုပ်ရသေးရင် ( လုံးဝ) မလုပ်ပါနဲ့။ လုပ်လက်စ ဖြစ်နေရင် ရပ်တန့်ပါ။

လုပ်ပြီးသားဖြစ်လို့ ဒုက္ခပင်လယ်ဝေနေရင် ကိုယ့်အပြစ် ကိုယ်ခံပါ။ သင်ခန်းစာယူပါ။ အမြန်ဆုံးဖြစ်တဲ့နည်းနဲ့ ရင်ဆိုင်ဖြေရှင်းပါ။

ကျွန်မမှာ ပိုက်ဆံ သိန်း ၅၀ ရှိပါတယ်။ အခုချိိန် ဘာလုပ်သင့်လဲ မေးနေသူတွေ အတွက် အဖြေက – မကြာခင် အပြောကောင်းသူနဲ့တွေ့ပြီး အလိမ်ခံရပါတော့မယ်ပဲ ဖြစ်ပါတယ်။

ဘာလုပ်ရမလဲ မသိရင် ဘာမှ မလုပ်ပါနဲ့။ ရှိတဲ့ ပိုက်ဆံကို ကြောငြာနေမှတော့ လူလိမ်ခံရတာ မဆန်းပါဘူး။
စီးပွါးရေး မကောင်းတာကို အခွင့်အရေးယူပြီး လူလိမ်တွေ ခြေချင်းလိမ်နေတဲ့အချိန်ပါ။

သတိကို ကြီးကြီးထားပြီး နေရမယ့်အချိန်မှာ အားအားနေ လိုင်းပေါ်တက်ပြီး ကိုယ့်အပူကို ရင်ဖွင့်တတ်တဲ့ အကျင့်ကို ပြုပြင်ကြပါရှင်။

KyiKyi (womenentrepreneurs)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page