ယနေ့ခေတ်မှာ ဒီသူနာပြုလိုလူမျိုး တစ်နေ့တစ်ခြား ရှားပါးလာပြီ ဆိုတာ လက်ခံရတော့မှာပါ
ဆေးရုံကြီးတခုရဲ့ခွဲစိတ်ခန်းထဲမှာ ပါရဂူကြီးတစ်ယောက်ဟာ လူနာတစ်ယောက်ရဲ့ ဗိုက်ကို ခွဲစိတ်ပြီး အပြီးသတ်ချုပ်ဖို့ပြင်နေတယ်။ ဆေးရုံရဲ့သူနာပြုမအသစ် ခလေးတစ်ယောက်ဟာ ပါရဂူကြီးကို ခွဲစိတ်ခန်းသုံး ကိရိယာတွေကို ပြင်ဆင်ပေးရတဲ့ တာဝန်ကိုယူထားရပါတယ်…
ပါရဂူကြီးက ခွဲစိတ်ပြီးလို့ လူနာဗိုက်ကို ပြန်ချုပ်တော့မဲ့အချိန်မှာပဲ သူနာပြုမ အသစ်လေးက ထပြောတယ် ဆရာကြီး ဒဏ်ရာ ကိုမချုပ်ပါနဲ့အုန်း…
တစ်ခြားနာ့စ်မ တွေအကုန် ခေါင်းထောင်ကြည့်ပြီးအံ့ဩကုန်တယ် ပါရဂူအဆင့်ဆရာဝန်ကြီး ကဘယ်လိုလုပ်ပြီး အမှား လုပ်မှာတဲ့လည်း နှာ့စ်မအသစ်က ဘယ်လိုတောင် သတ္တိကောင်းလို့ ပါရဂူကြီးကို အရှက်ကွဲအောင်ပြောရဲတာလဲ ပေါ့…
အကြောင်းအရင်းကတော့ ခွဲစိတ်မှု့အော်ပရေးရှင်း ပြီးတိုင်း ကိရိယာတွေကို စုံမစုံ ပြန်စစ်ဆေးရာက စတာပါ…
သူနာပြုမလေးက ဆရာဝန်ကြီးကိုပြောတာ “ကျွန်မ ဂွမ်းပတ်တီးလိပ် 12 လိပ် ပြင်ထားတာ အခု 11 လိပ်ပဲရှိတော့တယ်လူနာ ဗိုက်ထဲမှာကျန်နေခဲ့လောက်တယ် တွေ့အောင်ပြန်ရှာမှဖြစ်မယ်.. ” ဒါပေမဲ့ လည်းဆရာဝန်ကြီးက ငြင်းတယ်.. ” ငါ အကုန်ဆွဲထုတ်လာပြီးပြီ ”
သူနာပြုမလေးကလည်း ပြန်ငြင်းတယ်.. “ကျွန်မ 12 လိပ် သေသေချာချာပြင်ဆင်ထားတာ မပိုမလျော့ဘူး တစ်ခုခုမှားနေတာဖြစ်လိမ့်မယ် ဆရာကြီးရှင့် ” ဆရာဝန်ကြီးက ပြောတာ အချိန်ကြာတယ် ငါတာဝန်ယူတယ် ဒဏ်ရာချုပ်ဖို့ပြင်ကြတော့ တဲ့…
သူနာပြုမလေးက လေသံမာမာနဲ့ “မရဘူး မချုပ်နဲ့အုန်း ” လို့ ထပ်ပြောတယ်။ ခွဲစိတ်ခန်းထဲမှာ အခြေအနေတင်းမာကုန်ပြီ။ ပါရဂူ ဆရာဝန်ကြီး သူနာပြုဆရာမလေးကို ခေါင်းထောင်ပြီးစိုက်ကြည့်တယ်…
ပြီးတော့မှ သူဖွက်ထားတဲ့ ဂွမ်းလိပ် ကို ထုတ်လာပြီး ပြောတာ “ကိုယ့်ဖက်ကသေချာ ရေရာတဲ့ ယုံကြည်တဲ့ အရာကို ခိုင်ခိုင်မာမာ ရပ်တည် ဆုတ်ကိုင် ထားရဲတဲ့ စိတ်ဓါတ်ရှိတဲ့ သမီးလိုလူဟာ ဘာပဲလုပ်လုပ်အောင်မြင်လိမ့်မယ်။ “သမီးသိပ်တော်တယ် ” တဲ့… ။
ကျွန်တော်တို့လက်ရှိ ဒီကနေ့ ပတ်ဝန်းကျင်မှာ ဒီသူနာပြုလို လူမျိုးတစ်နေ့တစ်ခြား ရှားပါးလာပြီ ဆိုတာ လက်ခံရတော့မှာပါ.. ခုခေတ် လူငယ် ကောင်လေး ကောင်မလေးတွေ အလွယ်လမ်း ပဲ တစ်အားလိုက်ချင်ကြပြီး ပြီးပြီးရော ကိုယ့်လက်ကလွတ် ရင်ပြီးတာပဲဆိုတာမျိုး လုပ်တတ်ကြပါတယ်…
စွဲမြဲ ကြံ့ခိုင်ပြီး အဆုံးစွန်းထိရောက်အောင်ကိုယ်ယုံကြည်ရာကို ရပ်တည်တတ်တဲ့ လူစားမျိုးခုခေတ်မှာသိပ်မရှိကြတော့ပါဘူး.. တာဝန်ယူ တာဝန်ခံ တတ်ကြဖို့ လိုအပ်နေပါပြီ…