သတိထားရမယ့် သင်ပေါင်းပိုး ဓာတ်မတည့်ရောဂါ (ထူးထူးဆန်းဆန်း စားချင်သူများ သတိထား)
သတိထားရမယ့် သင်ပေါင်းပိုး ဓာတ်မတည့်ရောဂါ (ထူးထူးဆန်းဆန်း စားချင်သူများ သတိထား)
“စားပြီးတော့ မင်းဘယ်လို ဖြစ်လာလဲ” “လည်ပင်းထဲ ပူတစ်တစ်ကြီးဖြစ်လာပြီး အသက်ရှုမရတော့တာ”
“စားပြီးတော့ ဘယ်လောက်ကြာမှ စဖြစ်လဲ” “၁၅ မိနစ်လောက်”
သွက်သွက်လက်လက် ပြန်ဖြေတယ်။ သူက အကုန်ကောင်းနေပြီလေ။ ညကတော့ သင်ပေါင်းပိုး စားပြီး အသက်ရှုကြပ် သွေးပေါင်ကျပြီး ရောက်လာသတဲ့။ Private ဆေးရုံက အရေးပေါ်ဆရာဝန်က Anaphylaxis အနေနဲ့ Adrenalin 0.5 mg ဘာမီတွန် Normal saline သွင်းပြီး ၁၀မိနစ်အကြာမှာ အားလုံး ပြန်ကောင်းသွားခဲ့တာ။ မနက်ခင်းရောက်မှ ကျနော်က ကြည့်တော့ ကောင်းနေပြီ။ ဒါပေမယ့် ၈ နာရီကနေ ၂၄ နာရီအတွင်း သွေးပေါင် ပြန်ကျတတ်လို့ ၂၄ နာရီ ပြည့်မှ ဆေးရုံက ပြန်လွှတ်ရတယ်။
ပင်လယ်စာ မတည့်သူတွေဘဲ အတွေ့ရများပြီး သင်ပေါင်းပိုး မတည့်သူကတော့ ဒီတခါပဲ တွေ့ဖူးတာပါ။ အနောက်နိုင်ငံမှာလို Nut allergy မတွေ့ဖူးပါ။
မစားဘူးသေးတဲ့ အစာတွေကို မြို့ကြီးတွေမှာ စားမိလို့ ဓာတ်မတည့် Anaphylaxis ရရင် အချိန်မှီ ကယ်လို့ ရနိုင်တယ်။ ခေါင်တဲ့ ရွာတို့ Camping ထွက်တာတို့မှာတော့ အထူးအဆန်း အစာတွေကို မစားစေ့ချင်ဘူး။ ကယ်ဖို့ ခက်မယ်။
Maung Maung Oo