မြန်မာပြည်ကနေ တရုတ်ပြည်ရောက်သွားရတဲ့ ကမ္ဘာ့အရှည်ဆုံး သစ်သားခြင်္သေ့ပန်းပုရုပ်ကြီး
တရုတ်ပြည်က ပန်းပုဆရာ Yao ဟာ သစ်ပင် ပင်စည်တစ်ခုတည်းမှ ထုထွင်းထားတဲ့ မယုံနိုင်စရာကောင်းတဲ့ သစ်သားခြင်္သေ့ကြီး တစ်ကောင်ကို ထုတ်ပြခဲ့ပါတယ်။
Yao ဟာ ယင်းပန်းပုရုပ်ကြီးကို မြန်မာနိုင်ငံမှာ လက်ထောက် လူအယောက် ၂၀ နဲ့ သုံးနှစ်အကြာ ထုထွင်းပြုလုပ်ခဲ့ရပြီးနောက် အမြဲတမ်းနေထိုင်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ နေအိမ်သို့ ပြောင်းရွေ့သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
တိုင်းတာချက်အရ ယင်းသစ်သားခြင်္သေ့ကြီးက ၄၇.၅ ပေ အရှည် ၊ ၁၆.၄ ပေ အမြင့် နဲ့ ၁၃.၁ ပေ အကျယ်ရှိပါတယ်။ အကယ်လို့ ထိုတိုင်းတာမှုမှန်ကန်ပါက ၎င်း ခြင်္သေ့ကြီးဟာ ကမ္ဘာပေါ် မှာ အရှည်လျားဆုံး သစ်သားပန်းပု ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဂင်းနစ် ကမ္ဘာ့စံချိန်မှာ ဖော်ပြထားချက်အရ Chunhui Zheng ရဲ့ ပန်းပုက အရှည်ဆုံးအဖြစ် အသိအမှတ် ပြုခံထားရတာကြောင့် ဒီခြင်္သေ့ကြီးကို တရားဝင်အတည်မပြုရသေးပါဘူး။ စံချိန်မတင်ရသေးပေမယ့်လည်း ယင်းခြင်္သေ့ကြီးကတော့ မယုံနိုင်လောက်အောင်ဘဲ လက်ရာပြောင်မြောက်နေပါတယ်ဗျာ။
မြန်မာပြည်က ပန်းပုဆရာများရဲ့ လက်ရာက ကမ္ဘာ့ ပန်းပုဈေးကွက်ကို ထိုးဖောက်နိုင်တဲ့ အရည်အချင်းရှိကြောင်းကိုလဲ သစ်သားခြင်္သေ့ပန်းပုရုပ်ကြီးက သက်သေခံနေပါတယ်။
သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာပြည်ကြီးမှာ ဒီလို သစ်ပင်ကြီးပေါင်း မြောက်များစွာ ရှိပြီး အကျိုးရှိရှိ ထုတ်လုပ် သုံးစွဲပါက ကမ္ဘာကျော် လက်ရာများ ဖြစ်လာနိုင်ကြောင်း အကြံပေးလိုက် ရပါတယ် ခင်ဗျာ။