ထိုင်းတော်ဝင် တပ်မတော်ရဲ့ တိုက်ပွဲဝင်အင်အားနဲ့ မြန်မာစစ်တပ် အင်အား နှိုင်းယှဉ်ချက်
ထိုင်းတပ်မတော်၏ အမည်ခံခေါင်းဆောင်သည် ထိုင်းဘုရင်ဖြစ်သည်။ တပ်မတော်သည် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်တာဝန်ယူထားသည့် ထိုင်းတော်ဝင်တပ်မတော်ဌာနချုပ် လက်အောက်ခံ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် ထိုင်း တပ်မတော်တွင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။
ထိုင်းတော်ဝင်တပ်မတော်နေ့အခမ်းအနားသည် ၁၅၉၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ယိုးဒယားဘုရင် နရဲစွမ်က မြန်မာနိုင်ငံအိမ်ရှေ့မင်းသားအား အနိုင်ရသည့်နေ့ ဇန်နဝါရီလ ၁၈ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပြုလုပ်ကျင်းပလျက် ရှိပါတယ်။
ထိုင်းတော်ဝင် တပ်မတော်သည် ကမ္ဘာ့အဆင့် (၂၆) အင်အား အများဆုံး ဖြစ်ပါတယ်။
ထိုင်းတော်ဝင် တပ်မတော်၏ ကြည်းရေလေ တိုက်ပွဲဝင် အင်အားကို ဖော်ပြလိုက်ပါတယ်-
(၁) တိုက်ပွဲဝင် စစ်သား – ၃၆၁,၀၀၀ ဦး၊ အရန်စစ်သား – ၃၄၀,၀၀၀ ဦး
(၂) တိုက်ပွဲဝင်တင့်ကား – ၈၄၀ စီး၊ သံချပ်ကား – ၂၅၀၀ စီး၊ အမြောက် – ၆၃၆ လက်၊ ဒုံးပစ်ယာဉ် – ၁၇ စီး
(၃) ရဟတ်ယာဉ်တင် သင်္ဘော – ၁ စီး၊ တိုက်ရေယာဉ်ဖရီးဂိတ် – ၇ စီး၊ တိုက်ရေယာဉ်သေး – ၇ စီး၊ ကင်းလှည့်ရေယာဉ် – ၄၉ စီး၊ မိုင်းချရေယာဉ် – ၅ စီး
(၄) တိုက်လေယာဉ် – ၉၃ စီး၊ ရဟတ်ယာဉ် – ၂၆၈ စီး၊ အထူးစစ်ဆင်ရေး လေယာဉ် – ၂၀ စီး
မြန်မာစစ်တပ်ကတော့ ကမ္ဘာ့အဆင့် (၃၈) မှာ ရပ်တည်လျက် ရှိပါတယ်။ မြန်မာ စစ်တပ်အင်အားကို ဆက်လက် ဖော်ပြသွားပါမယ်-
(၁) တိုက်ပွဲဝင်စစ်သား – ၄၀၅,၀၀၀ (စာရွက်ပေါ်)၊ စစ်မှုထမ်းဟောင်း – ၁၁၀,၀၀၀
(၂) တိုက်ပွဲဝင်တင့်ကား -၅၉၅ စီး၊ သံချပ်ကား – ၁၇၀၀ စီး၊ အမြောက် – ၁၉၀၉ လက်၊ ဒုံးပစ်ယာဉ် – ၄၉၆ စီး
(၃) တိုက်ရေယာဉ်ဖရီးဂိတ် – ၅ စီး၊ တိုက်ရေယာဉ်သေး – ၃ စီး၊ ရေငုပ်သင်္ဘော – ၁ စီး၊ ကင်းလှည့်ရေယာဉ် – ၇၉ စီး၊ မိုင်းချရေယာဉ် – ၂ စီး
(၄) တိုက်လေယာဉ် – ၈၁ စီး၊ ရဟတ်ယာဉ် – ၉၅ စီး၊ အထူးစစ်ဆင်ရေး လေယာဉ် – ၅ စီး
(ယခု နှိုင်းယှဉ်ချက်သည် အင်တာနက်ပေါ်မှ ရရှိသည့် အချက်များကိုသာ နှိုင်းယှဉ်ပြထားခြင်း ဖြစ်ပါသည်။ မြေပြင် အခြေအနေတွင် ကွဲပြားခြားနားနိုင်ပါသည်။)