သိမ်းမယ်ဆိုလည်း ကာကွယ်ဆေးလေး ထိုးပြီးမှ သိမ်းကြပါ သိမ်းပြီးမှဆို ထိုးဖို့တောင် မသေချာလို့ပါ

(သိမ်းမယ် ဆိုလည်း ခန စောင့်ကြပါအုန်း ။ ကာကွယ်ဆေးလေး ထိုးပြီးမှ သိမ်းကြပါ ။ သိမ်းပြီးမှ ဆို ကာကွယ်ဆေး ထိုးရဖို့က သိပ်မသေချာ လို့ပါ ဗျာ)

ကဲ ရန်ကုန် ကိုဗစ် ကာကွယ် နှိမ်နင်းရေး ဗိုလ်ချုပ် ဒေါက်တာ ဇော်ဝေစိုး ပြော တာလေး ဖတ်ကြည့်ပါအုန်း ။

ဒီနေ့ ရန်ကုန် မှာ ပေါ့စတစ် ၆၉ ယောက် နဲ့ စံချိန်တင် အနည်းဆုံးပါ ။ ၁၀၀ အောက် ဖြစ်နေတာ တပါတ်ခန့် ရှိပါပြီ ။ စင်တာတွေ မှာလည်း ၉၉၀ ပဲ ရှိပါတော့ တယ် ၊ အရင်က တစ်သောင်း ကျော်ပါ။ စင်တာ ၉ ခု ကို stand by အနေနဲ့ ပိတ် လိုက်ပြီး ၆ ခု ပဲ ကျန်ပါတော့တယ် ။

ရန်ကုန်ဆေးရုံကြီး အပါအဝင် ဆေးရုံ ၁၇ ရုံ မှာ အရင်က လူနာ ထောင်ကျော် ရာက အခု ၂၂၇ ယောက်ပါ ။ နောက်ဆို ဝေဘာဂီ ဆေးရုံ တခုတည်း မှာပဲ ထားရှိ ကု နိုင်ပါတော့မယ် ။ တပ်မတော် စင်တာတွေ မှာ အရပ်ဖက် လူနာ မရှိတော့ပါဘူး ။ Private ဆေးရုံ မှာ အရင်က ၇၀ ကျော် ကနေ အခု ၃၉ ယောက်ပါ ။

command နဲ့ control ကို တခုတည်း ဗဟို က ချတဲ့ အတိုင်း အတိအကျ စည်းစည်းလုံးလုံး နဲ့ ဆောင်ရွက်ခဲ့ ကြ တာပါ ။ နက်ဖြန် ကာကွယ်ဆေး စ ထိုးပါ့မယ် ။ လုံးဝ ပေါ့လို့ လျော့လို့ မရသေးပါဘူး ။ ကိုဗစ် စည်းကမ်းတွေ ကို ခါးဝတ်ပုဆိုး ကဲ့သို့ လိုက်နာကြပါ ။

Zarni Zeya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page