ဘယ်သောအခါမှ မတိုးတက် မကြီးပွားနိုင်မယ့် သားသမီးအမျိုးအစားများ (မိဘဆိုတာ သက်ရှိဘုရားပါ)

သားသမီးများအနေနဲ့ ကိုယ့်ရဲ့ မိဘတွေအပေါ် အောက်ပါ အချက်အလက်များကို ကျူးလွန်မိပါက ပညာဘယ်လောက် တတ်တတ်၊ ဥစ္စာ ဘယ်လောက်ရှိရှိ ဘယ်တော့မှ တိုးတက် ကြီးပွားမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုမျိုး သားသမီး ဟုတ်မဟုတ် စစ်ဆေးနိုင်စေဖို့ တချက်ချင်းကို သေချာ ဖတ်ကြည့်ကြပါ-

(၁) မိဘကို အိမ်စောင့်ထားတဲ့ သားသမီး။ (၂) မိဘကို အဝတ်လျှော်ဖွတ်ခိုင်းတဲ့ သားသမီး။ (၃) အပြင်က ပြန်လာရင် မိဘကို ခြံတခါး၊ အိမ်တံခါး ဖွင့်ခိုင်းတဲ့ သားသမီးး။

(၄) မိဘကို ကလေးထိန်းခိုင်းတဲ့ သားသမီး။ (၅) မိဘကို ထမင်းဟင်း ချက်ပြုတ်ခိုင်းတဲ့ သားသမီး။ (၆) မိဘကို လစာပေးသလိုမျိုး အတိုင်းအတာနဲ့ ငွေပေးတဲ့ သားသမီး။

(၇) မိဘအမှားပြုလျှင် လူရှေ့သူရှေ့ ဆူပူအပြစ်တင်တဲ့ သားသမီး။ (၈) မိဘက ဘုရားရှိခိုးလျှင် ကျယ်ခြင်း တိုးခြင်းကို ကဲ့ရဲ့တဲ့ သားသမီး။ (၉) မိဘကို မောင်နှမလို သဘောထား ဆက်ဆံတဲ့ သားသမီး။ (၁ဝ) မိဘကို ပေးရမှာ နှမျောတွန့်တိုတဲ့ သားသမီး။ (၁၁) မိဘစကားကို အလေးမထား ပစ်ပယ်တဲ့ သားသမီး။

ဒါမျိုးတွေကို ရှောင်ရှားကြပါ၊ ဆင်ခြင်ကြပါ၊ မလုပ်မိကြပါစေနဲ့။ မိဘဆိုတာ အစားထိုး မရနိုင်တဲ့ တန်ဖိုး အကြီးမားဆုံး ရတနာပါ။

မိဘဆိုတာ သက်ရှိဘုရားပါ။ အိမ်ဦးခန်းမှာ ထားပြီး ဘုရားတဆူ ဂူတလုံးလို ကိုးကွယ်ရမှာပါ။ အပေါ်က အချက်တွေကို သိလို့ပဲ ဖြစ်ဖြစ်၊ မသိလို့ပဲ ဖြစ်ဖြစ် တခုခု ကျူးလွန်မိရင် အရမ်း အပြစ်ကြီးပါတယ်။

မိဘ မလုပ်ကျွေးတဲ့သူ ခွေးနဲ့တူ ဆိုတဲ့ စကားအတိုင်း မိဘကို တတ်နိုင်သမျှ လုပ်ကျွေးပြုစု ကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page