“သယံဇာတဘဏ်” – ဂျပန်နိုင်ငံမှာ သယံဇာတဘဏ်ဆိုတာ ရှိတယ်
“သယံဇာတဘဏ်”
ဂျပန်နိုင်ငံမှာ သယံဇာတဘဏ်ဆိုတာ ရှိတယ်။ ဂျပန်နိုင်ငံရဲ့ သယံဇာတလို့ သတ်မှတ်ထားတဲ့အရာများ (ထုံးကျောက်တောင် သယံဇာတအဖြစ်သတ်မှတ်ထားပါတယ်) ကို တူးဖေါ်ထုတ်လုပ်မယ်ဆိုရင် ဝင်ငွေရဲ့ ၁၀% ကို သယံဇာတဘဏ်ထဲကို ထည့်ဝင်ရတယ်။
တချိန် အဲသည် သယံဇာတတူးဖေါ်ရေးလုပ်ငန်းတွေ သဘာဝသယံဇာတတွေ ကုန်ဆုံးသွားတဲ့အခါမယ် လုပ်ငန်းရပ်ဆိုင်းသွားတဲ့အခါ အဲသည် သဘာဝသယံဇာတ ထုတ်ဖေါ်မှုအတွက် ပေးဆပ်လိုက်ရတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင် ပြန်လည်နားလံထူရေးအတွက် အဲသည် သယံဇာတဘဏ်ကနေ လိုအပ်တဲ့ ငွေကြေးကို ပြန်လည်ထုတ်ပေးတယ်။
အဲသည်အကြောင်းနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံအစိုးရရဲ့ ရေနံနဲ့သတ္တုတူးဖေါ်ရှာဖွေထုတ်လုပ်ရေးအေဂျင်စီနဲ့ မြန်မာနိုင်ငံသတ္တုတွင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး “Environmental Friendly Mining” နဲ့ ပတ်သက်တဲ့ ဆီမီနာတွေကို ၃ ကြိမ် မြန်မာမှာ ကျင်းပခဲ့ရာမှာ ကျွန်တော်တို့ Event Management တာဝန်ယူဆောင်ရွက်ခဲ့ဖူးပါတယ်။
မှတ်မှတ်ရရ နောက်ဆုံးအကြိမ်က ချတ်ထရီယံဟိုတယ်မှာ ကျင်းပခဲ့တာမှာ အဲသည် သယံဇာတဘဏ် အကြောင်းမိတ်ဆက်ခဲ့ဖူးပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ မိမိ သဘာဝသယံဇာတများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့အတွက် ထုတ်လုပ်အသုံးချရမှာမလွဲပါ။
သို့ပေသည့် သဘာဝပတ်ဝန်းကျင်ကို အနည်းဆုံးသက်ရောက်မှုပေးသည့် Environmental Friendly Mining များဖြစ်ဖို့အတွက်၊ တချိန်မှာ သယံဇာတ ကုန်သွားတဲ့တနေ့ ပြန်လည်နားလံထူရေးအတွက်လိုအပ်တဲ့ ရန်ပုံငွေတရပ်ကို ဂျပန်နိုင်ငံနမူနာအတိုင်း သယံဇာတဘဏ် ထူထောင်ပြီး ရန်ပုံငွေ စုဆောင်းထားသင့်ပါကြောင်း။ (ရဲထွန်း)
(တဖက်မှာ အဲသည်စုဆောင်းထားတဲ့ငွေကြေးကို တိုးပွားစေရန်အတွက် လက်ရှိတူးဖေါ်ထုတ်လုပ်နေတဲ့ သယံဇာတထုတ်လုပ်ရေးလုပ်ငန်းများကို ချေငွေများ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည်ထုတ်ပေးပါသည်။ ဤနည်းဖြင့် ဘဏ်အတွက်လည်း ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မည်ဖြစ်ပါသည်။)