ယခုလို မိုးရာသီမှာ သားသားမီးမီးလေးတွေအတွက် သတိပြုစရာ မီးရထားကောင်

ယခုလိုစိုစွတ်တဲ့မိုးရာသီမှာ သားသားမီးမီးလေးတွေအတွက် သတိပြုစရာပါ..

ထိုင်းမှာကလေးငယ်တစ်ဦး ပိုးနားသန်ကောင် (မီးရထားလိုပိုးကောင်) Millipede ကိုတက်နင်းမိလို့ အဆိပ်သင့်ပြီး ခြေဖဝါးနုနုလေးမှာ အပူလောင်သလိုဖြစ်သွားပါတယ် ၊ နှစ်ပတ်လောက်ကုသရမှာဖြစ်ပါတယ်..

ယခုလိုစိုစွတ်တဲ့မိုးရာသီမှာ ထင်းပုံကြားကနေ အဲ့ဒီအကောင်လေးတွေက ဖိနပ်ထဲဝင်ခွေနေတာမျိုး ၊ အိပ်ယာမှာ တက်လာမျိုးရှိတတ်ပါတယ် ၊ အဲ့ဒီအချိန်မှာ အရေပြားနုနယ်သေးတဲ့ကလေးငယ်တွေတက်နင်းတာမျိုး ၊ ဒါမှမဟုတ် ဖိအိပ်မိခဲ့ရင် အဲ့အကောင်ကအဆိပ်ရည်တွေထက်လာပြီး ပူစပ်ပူလောင်ဖြစ်ပြီး အရည်ကြည်ဖုလေးတွေကနေ အနာဖြစ်တတ်ပါတယ်..

မီးရထားကောင်

ဒါ့ကြောင့်ကလေးတွေကို မျက်စေ့အောက်ကနေလွှတ်မထားဘဲ ဂရုစိုက်ကြပါနော်။

(စည်သူမောင်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page