ကရင်ပြည်နယ်က သနားစရာ ကလေးငယ်ရဲ့ အခြေအနေကို စိတ်မကောင်းစွာနဲ့ ပြောလာတဲ့ ဝေဠုကျော်
ကရင်ပြည်နယ်က သနားစရာ ကလေးငယ်ရဲ့ အခြေအနေကို စိတ်မကောင်းခြင်းများစွာနဲ့ ပြောလာတဲ့ ဝေဠုကျော်
Baby လှိုင်းဘွဲ့ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့က ၁၀ လ အရွယ် ခေါင်းရေအိတ်တည်ရောဂါ သားလေးပါ။ လာမည့် ကြာသာပတေးနေ့ (၁၄.၁. ၂၀၂၁)နေ့ မှာ ခွဲစိတ်ဖို့အတွက် ဒီနေ့မနက် ရန်ကင်းဆေးရုံမှာ စစ်ဆေးမှုများ သွားလုပ်ခဲ့ရပါတယ်။
ကျွန်တော်တို့ ဖောင်ဒေးရှင်းက ကားနဲ့ အဖွဲသားတွေနဲ့အတူ ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးခဲ့ပါတယ်။ ဆေးရုံက ဆေးစစ်ချက်တွေအရ ကလေးဦးနှောက်က ရေပိတဲ့ဒါဏ်ကြောင့် ပြားချပ်နေပြီး ပွန်းပဲ့ ဒါဏ်ရာရနေပါပြီ။ ခွဲစိတ်ရင်လဲ ခေါင်းခွံက ပြန်မပိန်နိူင်တော့ သလို ရေထုတ်ပြီးရင်လည်း ဦးနှောက်က သေးနေပြီး ပြားချပ်နေလို့ ရှင်သန်ဖို့မလွယ်နိူင်တော့ပါဖူး။
အခုခွဲစိတ်ဖို့ကိုလည်း မေ့ဆေးဒဏ် ခံနိုင်ဖို့နဲ့ ခွဲစိတ်မှု အောင်မြင်ဖို့က ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတဲ့ အကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဆရာဝန်ကြီးတွေရဲ့ သုံးသပ်ဆွေးနွေးမှုကို သိရှိလိုက်ရတဲ့ နိူင်ငံခြားကိုရောက်နေတဲ့ သားလေးရဲ့ မိဘတွေက သားလေးကို မခွဲစိတ်ဖို့ကိုဘဲ ဆုံးဖြတ်လိုက်ကြပါတယ်။
နောက်ကျခြင်း၊ စောခြင်းတွေမပြောလို ရိုးမယ် မဖွဲ့လိုတော့ပါဖူး။ သားလေးအတွက် ကျွန်တော်တို့တွေ တတ်စွမ်းသမျှ ထက်ပိုလို့ ကူညီပေးချင် ပေမယ့်လည်း၊ အရာအားလုံးဟာ သားလေးရဲ့ ကံတရားဖြစ်လို့ စိတ်မကောင်းခြင်း များစွာဖြစ်ရပါတယ်။ ဝဋ်ကြွေးတွေ ပါလာခဲ့ရင်ကြေပါစေတော့သားလေးရေ။
စိတ်မကောင်းခြင်းများစွားဖြင့် …
ဝေဠုကျော် (WLK Foundation)