မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေနဲ့ သွေဖီနေကြပြီလား..? (မီတာခနှင့်ပတ်သက်၍)
မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေနဲ့ သွေဖီနေကြပြီလား…?
မန္တလေးတိုင်းဒေသကြီး.. တံတားဦးမြို့နယ် သူငယ်တော်ရွာ တောရကျောင်းတိုက်ရဲ့ သာသနာလင်္ကာရသာမဏေကျော် စာမေးပွဲအတွက် လေ့ကျင့်ခန်း အပတ်စဉ်(၁၂) တတိယအဆင့် ဓမ္မပဒဘာသာ မေးခွန်းလွှာ(အစစ်) ကိုဖတ်ကြည့်မိတယ်။ “ဒီမိုကရေစီအမည်ခံထားသော တရားမစောင့်သော အစိုးရလက်ထက်ဝယ် မီတာခအခွန်အခများဖြင့် နှိပ်စက်ခံနေရသော မြန်မာပြည်သူ/ပြည်သား များကို မြတ်စွာဘုရားမြင်တော်မူပါက ဖြစ်ပေါ်လာမည့်အကြံအစည်ကို ဂရုဏာသက်ကာဖော်ပြ၍” အစချီထားသော မေးခွန်းတခု မေးထားတာ တွေ့ရပါတယ်…
ဖော်ပြပါ မေးခွန်းရဲ့ နံပါတ်(၈)ကိုဖတ်ပြီး အလွန်စိတ်မကောင်းဖြစ်ရပါတယ်.. အနာဂတ်သာသနာအတွက်လဲ ဗုဒ္ဓဘာသာ ဝင် တယောက် အနေနဲ့ အလွန်တရာစိုးရိမ် ရင်လေးရပါတယ်…ထိုကျောင်းတိုက်က တာဝန်ရှိသူ ဆရာတော်တွေနဲ့ မေးခွန်း ထုတ်သူ ဆရာတော်တို့ကို တာဝန်ခံခိုင်းပြီး.. သာသနာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ မြို့နယ်အဆင့် တိုင်းအဆင့်စသော သံဃနာယက အဖွဲ့အစည်းတို့မှ တာဝန်ယူပြီး ဒီမေးခွန်း နဲ့ပက်သက်ပြီးတော့ ဖြေရှင်းပေးစေလိုပါတယ်… ကျောင်းတွင်းလေ့ကျင့်ရန်မေးခွန်းဆိုပြီး စောဒကတက်စရာတော့ရှိပါတယ်.. သို့သော် မေးခွန်းထုတ်သူ ဆရာတော်ရဲ့ ရည်ရွယ်ချက်လားရာကတော့.. ဒကာ ဒကာမတွေအတွက် အတော်လေးကို စိတ်ကသိကအောက်ဖြစ်ရတယ်…
အရှင်ဘုရားတို့ကို လျှောက်ထားချင်တာက.. မြတ်ဗုဒ္ဓ ဘုရားရှင်သည်.. သူ့တပည့် ရဟန်းတွေအတွက် လူတို့၏အမှုကိစ္စ များအား ဖယ်ခွာ၍ ရဟန်းအလုပ်တွေ ဆုံးမထားတာရှိတယ်.. ဂန္ဓဓုရ(ပဋိယတ္တိ) နဲ့ ဝိပဿ နဓုရ(ပဋိပတ္တိ) အစရှိသော.. ပိဋိကတ်တော်လာ စာပေကျမ်းဂန် သင်ကြားပို့ချ ဖြန့်ဖြူ ခြင်း.. လမ်းအမှန်ဖြစ်သော မဂ္ဂင်ရှစ်ပါးနှင့် လျော်ညီသော တရားဟောပြောခြင်း.. ဝိပဿ နာ ကမ္မဌာန်း စီးဖြန်းကျင့်ကြံခြင်း.. ဓုတင် ၁၃ ပါးဆောက်တည်စေခြင်း.. အစရှိသော မွန်မြတ်လှသော အကျင့်တို့ကိုသာကျင့်ဆောင်စေ၍ ရဟန်းကိစ္စကိုသာ ပြီးစီးစေခဲ့ပါတယ်လို့ လေ့လာမှတ်သားခဲ့ဖူးပါတယ်…
မြတ်စွာဘုရားရှင်မှ.. ဘိက္ခဝေ ငါ၏ချစ်သားရဟန်းတို့… ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ကြလော့..လို့မမှာခဲ့ပါ… ပြည်သူ့မဲဆန္ဒနှင့်တက်လာသော NLD အစိုးရကို တိုက်ခိုက်ကြလော့.. ဆိုပြီး မမှာခဲ့ပါ… NLD အစိုးရရဲ့ လုပ်ရပ်တိုင်းကို ဝေဖန် အပြစ်ဆိုကြလော့..လို့မမိန့်ကြားခဲ့ပါ.. စာသင်သား တပည့်သာဝကတွေကို နိုင်ငံရေး Psywar ထည့်ပေးကြလော့.. ဟူ၍လည်း မပြောကြားခဲ့ပါဘူး အရှင်ဘုရားတို့…
အရှင်ဘုရားတို့အနေနဲ့ တန်ဖိုးရှိသော အရဟဓဇမည်တဲ့ ဝတ်ရုံတော်သင်္ကန်းကိုဆင်မြန်းပြီး.. ရခဲလှတဲ့ ရဟန်းဘဝမှာ ပရိယတ် ပရိပတ်တို့ကို ကျင့်ဆောင်ပြီး ရဟန်းကိစ္စပြီးအောင် ကြိုးစားအားထုတ်ကြစေချင်ပါတယ်…
(၁) သုပ္ပဋိပန္နော ဆိုတဲ့ မြတ်သောအကျင့်ကို ကောင်းစွာကျင့်ကြံ တော်မူကြပါ အရှင်ဘုရားတို့…
(၂) ဥဇုပ္ပဋိပန္နော ဆိုတဲ့ အကျင့်မြတ်ကို ဖြောင့်မတ်မှန်ကန်စွာ ကျင့်ကြံတော်မူကြပါ အရှင်ဘုရားတို့…
(၃) ဉာယပ္ပဋိပန္နော ဆိုတဲ့ လောကီစည်းစိမ်မှာ မသာယာကြပဲ နိဗ္ဗာန်အကျိုးရရှိရန်ကိုသာ ကျင့်ကြံတော်မူကြပါ အရှင်ဘုရားတို့…
(၄) သာမီစိပ္ပဋိပန္နော ဆိုတဲ့ ပစ္စည်းလေးပါး ထောက်ပံ့ပေးနေသော ဒကာ ဒကာမတို့၏ရိုသေမှုနှင့် လျော်ကန်သင့်မြတ်အောင် ကျင့်ကြံတော်မူကြပါ အရှင်ဘုရားတို့…
(၅) အာဟုနေယျော ဆိုတဲ့ ရပ်ဝေးမှ ယူဆောင်လာသော လှူဒါန်းအပ်သော ဝတ္ထုပစ္စည်းတို့အား ကောင်းစွာခံယူထိုက်သူတို့ဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူကြပါ အရှင်ဘုရားတို့…
(၆) ပါဟုနေယျော ဆိုတဲ့ ဧည့်သည်အလို့ငှာ စီမံထားအပ်တဲ့ ဝတ္ထုပစ္စည်းတို့အား ကောင်းစွာခံယူထိုက်သူတို့ဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူကြပါ အရှင်ဘုရားတို့… (၇) ဒက္ခိဏေယျော ဆိုတဲ့ နောင်သံသရာ ဘဝအဆက်ဆက်အတွက် မျှော်ကိုးရည်မှန်းလျက် လှူဒါန်းအပ်သော ဝတ္ထုပစ္စည်းတို့အား ကောင်းစွာခံယူထိုက်သူတို့ဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူကြပါ အရှင်ဘုရားတို့…
(၈) အဉ္ဇလိကရဏီယော ဆိုတဲ့ လက်ဆယ်ဖြာချီမိုး ထိခြင်းငါးပါးနှင့် ရိုသေ အားကိုး မြတ်နိုးစွာ ရှိခိုးကန်တော့ခြင်းကိုလည်း ကောင်းစွာခံယူထိုက်သူတို့ဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူကြပါ အရှင်ဘုရားတို့…
(၉) အနုတ္တရံပုညက္ခေတ္တံလောကဿ ဆိုတဲ့ လောကသားတို့၏ ကုသိုလ်ကောင်းမှု မျိုးစေ့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်စေသော ဝတ္ထုပစ္စည်း လှူဒါန်းမှုအစုစုတို့အား ကောင်းစွာခံယူထိုက်သူတို့ဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူကြပါ အရှင်ဘုရားတို့…
ဒါမှသာ ဒကာ ဒကာမတွေလှူဒါန်းရတဲ့ ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး စတဲ့ ပစ္စည်းလေးပါး အစုစုကို တန်ဖိုးရှိသောသုံးဆောင်ခြင်း မည်ပါလိမ့်မယ်..အရှင်ဘုရားတို့.. ဒကာ ဒကာမ အပေါင်းတို့အား စစ်မှန်သော တရားပြသူများအဖြစ် မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကြီးနဲ့ လောကသစ္စာကို စောင့်ရှောက်နိုင်ကြပါစေ…
ရိုသေစွာဦးတင်လျှက်…Zaw_Latt