သေခြင်းတရားက သေမင်းနဲ့ အချိန်ကိုက် လက်ဝါးရိုက်ထားသလိုပါဘဲ ဆိုတဲ့ ထိုင်းကဖြစ်ရပ်

အဝေးပြေးလမ်းမဘေးတွင် ငါးမျှားနေသူတစ်ဦးအား ၆ ဘီးကားမှ ဝင်တိုက်မိ၍ သေဆုံးသွားတဲ့ အဖြစ်..

သေခြင်းတရားက သေမင်းနဲ့ အချိန်ကိုက်လက်ဝါးရိုက်ထားသလိုပါဘဲ ၊ သေနေ့စေ့ရင်တော့ ကိုဗစ်-၁၉ ရောဂါနဲ့မဟုတ်လည်း သေမင်းကတော့ကြံဖန်ပြီး ရောက်လာတတ်ပါတယ် ၊ ကံကံ၏အကျိုးသည် အချိန်တန်ရင်ပြေးမလွတ်သလို မိမိပြုလုပ်ထားတဲ့ကောင်းမှု ၊ မကောင်းမှုကံသမျှကို ဝဋ်ကြွေးရှိနေသရွေ့သမျှကာလပတ်လုံး ခန္ဓာနဲ့ဘဲဆပ်နေကြရတာပါ..

အခုဖြစ်စဉ်ကတော့ မနေ့ကညနေစောင်း ၃:၀၀ ချိန် ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် ကမင်ဘူရီမြို့နယ် မြို့ဟောင်းကျေးရွာအုပ်စု အနီးက အမှတ် ၃၀၄ အဝေးလမ်းမကြီးပေါ်မှာ ချန်ဘူရီခရိုင် ” နိခုမ် ” စက်မှုမြို့တော်ကနေ မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်မောင်းသမားဟာ တစ်ချက်ငိုက်မိသွားတာနဲ့ လမ်းဘေးတူးမြောင်းထဲ ထိုးကျသွားခဲ့တယ် ။

ကားဟာ အရှိန်နဲ့ ကားလမ်းနဲ့မီတာ ၁၀၀ အကွာခန့်ရေမြောင်းထဲမှာ ငါးမြှားချိတ်လိုက်ထောက်နေတဲ့ အသက် ၅၄ နှစ်အရွယ် နိုင်ဖိုင်ရတ် ဆိုသူကိုမှ တည့်တည့်ကြီးဝင်မိလို့နေရာမှာဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ် ၊ ။

အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်း နိုင်ဘန်းထစ် ကတော့ သူအိပ်ငိုက်မိသွားတယ်လို့ဝန်ခံခဲ့ပါတယ် ၊ ။

သေဆုံးသူရဲ့အမျိုးသမီးအသက် ၅၇ နှစ်အရွယ် နန်းဘွန်းချမ်း ရဲ့ကြောပြချက်အရ သူမခင်ပွန်းဟာ ဒီလိုလမ်းဘေးတူးမြောင်းထဲမှာ နေ့စဉ်ငါးများချိတ်ထောက်ပြီး ပြန်ဖော်ကာငါးတွေကိုဈေးမှာရောင်းချပြီး မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့သူဖြစ်တယ်လို့ဆိုပါတယ် ။

လောလောဆယ်မှာတော့ ယာဉ်မောင်းသမားအား ရဲတပ်ဖွဲ့မှ ယာဉ်မဆင်မချင်မောင်းနှင်မှု ၊ လူသေမှုတို့နှင့် တရားစွဲဆိုထားပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page