အဘရှိန်ရဲ့ ရေစင်ရေမန်းစက်ရုံနဲ့ ရုံးချုပ်ကို စကစက ဝင်ရောက်ဖမ်းဆီးပြီး ချိတ်ပိတ်လိုက်ပြီ

အွန်လိုင်းပေါ်မှာ အယ်လ်ပိုင်းရေသန့်ဘူးကို တံဆိပ်ထပ်စွပ်ပြီး တဘူး ၁၅၀၀၀ နဲ့ ရောင်းချနေတဲ့ နေရာကို စကစက ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်လိုက်တယ်လို့ ရေသန့်ဥက္ကဌ ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ယက် အကောင့်မှာ ရေးသားလိုက်ပါတယ်။ ရေးသားချက် အပြည့်အစုံကို ဖော်ပြ ပေးလိုက်ပါတယ်-

မနေ့ညနေငါးနာရီအချိန်က အဘရှိန်၏ ရေစင်ရေမန်းအဖြစ်ပြုပြင် ရောင်းချနေသောစက်ရုံနှင့် အာတီးယားလမ်းရှိ ရုံးချုပ်တို့အား ရန်ကုန် FDA နှင့် မြို့နယ်စားသုံးသူရေးရာ၊ စည်ပင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှအဖွဲ့စုံဖြင့် ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း သီရိမဂ်လာလမ်း (အာတီးယားလမ်း)တွင် နေထိုင်သူတဦးမှသတင်းပေးပို့လာပါသည်။ (ကူညီပြီးစောင့်ကြည့်ပေးသူများ၊အချိန်နှင့် တပြေးညီ အရေးယူပေးခဲ့သော ဌာနဆိုင်ရာများ အားလုံးအား အထူးကျေးဇူးတင်ရှိပါသည်)

ယမန်နေ့ညနေပိုင်းတွင် မြို့နယ်အလိုက် ကိုယ်စားလှယ်ရောင်းချသူများအား စောင့်ကြည့် ပေးနေသောမြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဝင်များက ကိုယ်စားလှယ်ဆိုင်များတွင် ရေဘူးများအား အခွံချွတ်၍ သိမ်းဆည်းထားပြီး မျက်နှာသိများကိုသာ ရောင်းချပေးရန်ညွှန်ကြား ထားကြောင်း သတင်းပေးပို့လာပါသည်။ လူအခြင်းခြင်း လှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ ချစ်ခြင်းအားဖြင့် Ye Htut(1967…)

“အဲ့ဒီ ရေစင်ရေမန်းတော်ကြီးဆိုလား အဲ့ဒါသောက်ရင် အိပ်ပျော်တယ်တဲ့၊ စားကောင်းတယ် လူကြီးတွေဆို စားဝင်အိပ်ပျော်တယ်။ကျန်းမာရေးလည်းကောင်းတယ်။ရောဂါပျောက်တယ်ဆိုပြီး လိုင်းပေါ်မှာကြော်ငြာနေတာတွေ့တယ်။အဲ့တုန်းကတွေးမိသေး ဘာရေမို့လို့ပါလိမ့်ပေါ့။FDA ခွင့်ပြုချက်ရှိလားမရှိလားလည်းမစဥ်းစားမိဘူး။ နောက်ဆိုရင် ဘာပဲဝယ်ဝယ် FDA ခွင့်ပြုချက်ပါမပါ စစ်ရမယ်”လို့ ရန်ကုန်မြို့မှာ နေထိုင်သူတဦးကပြောပါတယ်။

ဖော်ပြပါ ပုံကတော့ ရေစင်ရေမန်းဘူးတွေပေါ်မှာ ပါတဲ့ “စဆရကဥ” အင်းကွက်လို့ သိရပါတယ်။ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ရေစင်ရေမန်း ကိစ္စကတော့ ဘယ်လို ထူးခြားမှုတွေ ဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page