“ကျောက်ပွင့်သည် ပင်လယ်စာ လုံးဝ မဟုတ်ပါ” (တသက်လုံး မိလာခဲ့တဲ့ ဂျင်းတစ်ခု)
တစ်သက်လုံး မိလာခဲ့တဲ့ဂျင်း ခုမှဘဲ သိတော့တယ်.. စိတ်ထဲမှာ ကျောက်ပွင့်တွေကို သန္တာကျောက်တန်းတွေကရတဲ့ ပင်လယ်စာထင်ပြီး စားနေခဲ့တာ…
ကျောက်ပွင့် (ခ) ကြွက်နားရွက် မှိုဖြူ သည် ပင်လယ်စာ မဟုတ်ပါ။ ကျောက်ပွင့် ဆိုသော အပင်သည် ကုန်းတွင်းပိုင်းပေါက်ရောက်သော ကြွက်နားရွက် မှိုဖြူ တစ်မျိုးဖြစ်ပါသည်။
တရုတ်ပြည်နဲ့ ဂျပန်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်ကပင် ကျောက်ပွင့်ကို စားသုံးခဲ့ကြတာ ဖြစ်ပါတယ် ကျောက်ပွင့်ကို Wood Ear လို့လည်း ခေါ်ပါသေးတယ်။ ကျောက်ပွင့်ဟာ ကိုယ်ထဲက ရေဓာတ်ကို မြင့်တက်စေပြီး ချောင်းခြောက်ဆိုးတဲ့ အခါ စားပေးရင် သက်သာစေနိုင်ပါတယ်။ ကျောက်ပွင့် မှာ အရည်ပျော်လွယ်တဲ့အမျှင်တွေရှိပြီး ပရိုတင်းဓာတ်ပေါများစွာ ပါဝင်ပါတယ်။
အစာကြေမှုနှေးကွေးစေပြီး သွေးအတွင်း သကြားဓာတ်နဲ့ ဆာလောင်မှုကိုထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ဒီကျောက်ပွင့်တွေကို အသုပ်သုပ်စားခြင်းဖြင့် ဗိုက်ပြည့်စေပြီး အဆာခံစေပါတယ်။ ကျောက်ပွင့်ဟာ ဆီးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ နူနာနဲ့ အဆိပ်နာ အမျိုးမျိုးကိုလည်း ကင်းပစေနိုင်ပါတယ်။
ကျောက်ပွင့် မှိုအား တရုတ်နိုင်ငံ နှင့် ထိုင်း နိုင်ငံတို့တွင် တစ်ရှုးကာချာ နည်းဖြင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီး အရောင်း အဝယ် ဈေးကွက်ကျယ်ပြန့် စွာ ရှိသောမှို ဖြစ်ပါသည်။
ယခုကျောက်ပွင့်သည် ကျိုက္ခမီဘက်မှာ တွေ့ရတဲ့ Sea Weed အမျိုးအစားမွန်တိုင်းရင်းသားတွေ အထူးတလည်ကြိုက်ကြတဲ့ (Sea Weed) ပင်လယ် ရေမှော် မျိုးစိတ်ပေါင်း ၃ဝဝ ကျော်လောက်ရှိတဲ့ထဲက Catenella မျိုးစိပ်အကြောင်းမဟုတ်ပါ။ အပူပိုင်းဒေသမှာအများဆုံးပေါက်ရောက်တတ်ကြပြီး သစ်ပင်တွေရဲ့ ပင်စည်တွေမှာပဲ ကပ်ပြီးပေါက်ရောက်တတ်တဲ့ဘရာဇီးဒေသရဲ့မျိုးရင်း (white ear mushroom, white fungus) အကြောင်းပဲဖြစ်ပါတယ်။