တသောင်းတန် အတု အစစ် အခုလက်ရှိသုံးနေတဲ့ နောက်ဆုံးပေါ် ခွဲနည်း
“တသောင်းတန် အတု အစစ် ခွဲနည်း”
အခုတလော တသောင်းတန် အတုတွေ တချို့တွေ လက်ခံမိကြတယ်ဆိုလို့ အခုနောက်ဆုံး သုံးတဲ့ အတုအစစ် ခွဲနည်းလေး ပြောပြမယ်နော်…
အမြန်နည်းကတော့ ရောင်ပြန်ကြိုးကို ကြည့်တာပါ..
အစစ်ဆို တည့်တည့်ကြည့်ရင် ပန်းဆီရောင်ဖြစ်ပြီး စောင်းလိုက်ရင် ရောင်ပြန်ဖြစ်ပါတယ်.. အတုကတော့ ပန်းဆီရောင်ကနေ လုံးဝ မပြောင်းပါဘူး..
ပိုစိတ်ချရတဲ့နည်းကတော့ ဆယ်ဆချဲ့မှန်ဘီလူးနဲ့ ပိုက်ဆံအောက်ခြေကို ကြည့်တာပါ..
အစစ်မှာ “SECURITYPRINTINGWORKS” ဆိုတဲ့ စာလုံးတွေကို အတွဲလိုက်ဆက်ပြီးရေးထားပါတယ်…
အတုမှာတော့ အစက်အစက်တွေပဲ ဖြစ်နေမှာပါ…
အားလုံး ပိုက်ဆံအတုမိခြင်းမှ ကင်းဝေးကြပါစေနော်.. ငွေတသောင်းဆိုတာလည်း မနည်းတဲ့ပမာဏပါပဲ..
Khit San Kyal Sin