ဒါဖတ်ပြီးရင် ကိုယ့်လက်ထဲက တသောင်းတန် အတုလား အစစ်လားဆိုတာ ခွဲနိုင်သွားပါပြီ

ကိုယ့်လက်ထဲ ရောက်လာတဲ့ တသောင်းတန်က အရင်က တသောင်းတန်တွေနဲ့ မတူလို့ အတုလို့ ထင်နေသူတွေ ဒီစာလေးကို ဖတ်ကြည့်လိုက်ပါ။

အတုလို့ပြောဆိုကြတာတွေ လက်တွေ့ကြုံနေရလို့ဘာတွေကွာသွားလဲ ယှဉ်ပြပေးထားပါတယ်

အပြာရွက်တွေမထွက်ခင်က ထုတ်ခဲ့တဲ့ အဖြူရွက်တွေလို့သိရပါတယ်။ Security အားနည်းလို့ ပေးမသုံးခဲ့တဲ့ တရားဝင်အရွက်တွေပါပဲ လူတွေလက်ထဲ နောက်မှရောက်လာတော့လည်း အသစ်လို့ပဲသုံးနှုန်းလိုက်ပါတယ်

(၁) စစချင်းမြင်ရမှာကတော့အရောင်အသွေးပါ

အဟောင်းက အပြာဘက်သန်းပြီး အသစ်ကတော့ ဖြူဖျော့ဖျော့နဲ့ပါ အထူအပါးအနေနဲ့လဲ အဟောင်းက ထူထူထဲထဲနဲ့ကိုင်ရတာ မာမာကျောကျောရှိပေမယ့် အသစ်ကတော့ ပါးတာမှ ကိုင်လို့ကိုင်ထားမှန်းတောင် မသိရပါဘူး။

(၂) ညာဘက်အောက်ထောင့်မှာရေးထားတဲ့ ၁၀၀၀၀ ဆိုတဲ့ စာသားပုံစံလဲမတူပါဘူး သိသိသာသာကို ကွဲပြားပါတယ်

ရောင်ပြန်ကြိုးထည့်ထားပုံကလဲ သောက်တလွဲပါ။ ဘယ်ဘက်က အဖြူကွက်မှာလည်း အသစ်ကဘေးဘက်အချွန်ကြီး၂ခုနဲ့ အပေါ်အောက်အချွန်လေး ၄ခုသာပါပေမယ် အဟောင်းမှာတော့ ဘေးဘက်အချွန်ကြီး ၄ခု နဲ့အပေါ်အောက်အချွန်လေး ၄ ခုစီ ပါခဲ့ပါတယ်။ ဒါ့ကြောင့်မို့ အတုဆိုပြီးမယူရဲကြတာဖြစ်ပါလိမ့်မယ်။ (တကယ်သာအတုထုတ်ချင်ရင်ချွတ်စွပ်တူအောင် ထုတ်မှာပေါ့ သောက်ကျိုးနည်း)

(၃) ဒါကတော့နောက်ကျောဘက်ပါ လေးထောင့်ဗလာအဖြူကွက် သိသိသာသာကို သေးပါတယ်။

အဟောင်းရဲ့လေးထောင့်ကွက်က ထောင့်မှန်စတုဂံနဲနဲဆန်ပြီးအသစ်ကတော့ လုံးဝလေးဘက်ညီ စတုရန်းကွက်ပါ TEN THOUSAND KYATS ဆိုတဲ့စာသားကြီးကလည်းအသစ်ထုတ်တဲ့အရွက်မှာ အကြွေးဆပ်သလားအောက်မေ့ရတယ် နည်းနည်းနောနောမဟုတ်ဘူး။

(၄) ဒါကတော့ အလင်းခံကြည့်ရင်မြင်ရမယ့် အသစ်ထုတ် ၁သောင်းတန်ရဲ့ ကြာပွင့်ပါ။ ကြာပွင့်ရယ် ၁၀၀၀၀ရယ်ပဲ ပါပါတယ်။

(၅) ၁သောင်းတန်အဟောင်းရဲ့ကြာပွင့်ကတော့ အလင်းဖြာနေသလိုပုံစံလေးပါ။ အဆစ်ပါ ပါသေးတယ်။

(၆) အသစ်ထုတ် ၁သောင်းတန်မှာ ဘေးဘက်က ကုတ်လိုင်းတွေ လုံးဝမပါပါဘူး။

(၇) အောက်ကဘားတန်းကလည်း အဟောင်းမှာ တော်တော်ရှည်ပေမယ့် အသစ်မှာတော့ သူ့အရပ်လိုပဲ တော်တော်တိုပါတယ်။

အချုပ်အားဖြင့်ပြောရရင် ဒါလည်းပဲ ဗဟိုဘဏ်ကနေတရားဝင်ထုတ်ထားတဲ့၁ သောင်းတန်ငွေစက္ကူအသစ်တွေဖြစ်တာမို့ ယူကြပါအတုဆိုပြီး မစွပ်စွဲပါနဲ့၊ မျက်စိဖွင့်ပါ နားစွင့်ပါ ဘဏ်တော်တော်များများမှာနောက်ပိုင်းထုတ်ပေးတဲ့၁ သောင်းတန်တွေက အဲ့လိုတွေချည်းပါပဲအတု လုံးဝမဟုတ်ပါဘူးခင်ဗျာ

ဆက်မင်းနောင်

Leave a Reply

Your email address will not be published.

x

You cannot copy content of this page