စကစရဲ့ သုံးလပြတ် အလယ်တန်း ပထမနှစ်ဝက် စာမေးပွဲ ဖြေဆိုရမယ့်အချိန်ကို ကြေညာလိုက်ပြီ

နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများကို လာမယ့် ဇန်နဝါရီလအတွင်းမှာ ပထမနှစ်ဝက်စာမေးပွဲ စတင်ဖြေဆိုရမယ်လို့ သိရပါတယ်။

စကစရဲ့ ပညာရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပထမနှစ်ဝက်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ စတင်ကာဖြေဆိုရမယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှအရာရှိတစ်ဦးက“အလယ်တန်းကျောင်းတွေ ဖြေရမှာပေါ့။ ၈ တန်းအထိပေါ့။ တစ်နိုင်ငံလုံးကကျောင်းတွေအကုန်လုံး တစ်ရက်တည်း စဖြေရမှာ ဖြစ်ပါတယ်”လို့ပြောပါတယ်။

နိုင်ငံအတွင်းရှိ ပုဂ္ဂိလိက ကိုယ်ပိုင်ကျောင်းများ၊ အစိုးရကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများပါ တစ်ရက်တည်း တချိန်တည်း စတင်ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ထဲက ကျောင်းဖွင့်ထားပေမယ့်လည်း တချို့ကျောင်းတွေမှာ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ အလုံအလောက် မရှိတာကြောင့် ကျောင်းလာတက်သူများအတွက် သင်ကြားရေးပေးမှာ အားနည်း လျက်ရှိကြောင်း ကျောင်းသား မိဘများက ပြောဆိုလျက် ရှိနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page