တပ်အရာရှိကြီးတွေနဲ့ ရဲတွေ ပေါင်းပြီး နယ်စပ်ကနေ ကားမှောင်ခိုသွင်းနေတဲ့ ကိစ္စကို ဖော်လိုက်ပါပြီ

ထိုင်းနယ်စပ်ကနေတဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်တွေကို စစ်အုပ်စုအကြီးအကဲတွေ ကိုယ်တိုင် တင်သွင်းနေတယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရဲအရာရှိ တစ်ဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စကစ လက်အောက်ခံတပ် အကြီးအကဲတွေနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အာဏာကို အလွဲသုံးစားပြုလုပ်ပြီး နယ်စပ်ကနေ တရားမဝင်လိုင်စင်မဲ့ ကားတွေကို မှောင်ခိုတင်သွင်းသူတွေနဲ့ ပူးပေါင်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တပ်က အရာရှိကြီးတွေနဲ့ ရဲအရာရှိကြီးတွေက မြဝတီနယ်စပ်ကနေ တရားမဝင် ကားမှောင်ခိုတင်သွင်းတဲ့သူနဲ့ ပေါင်းပြီး လုပ်စားနေကြောင်း၊ တခေါက်ဆို ကား ၁၀ စီးနဲ့ တလ တခေါက်လုပ်စားနေကြောင်း ရဲအရာရှိ တဦး က ပြောပါတယ်။

နယ်စပ်တွေကနေ တင်သွင်းလာတဲ့ တရားမဝင် လိုင်စင်မဲ့ကားတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးကိုလည်း ပြန်လည် ပို့ဆောင်နေတာ ဖြစ်ပါတယ်။

မှောင်ခိုတင်သွင်းလာတဲ့ ကားတွေအတွက် စစ်အုပ်စုအကြီးအကဲတွေက တာဝန်ယူဆောင်ရွက်ပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကားတစ်စီး မုန့်ဖိုး ကျပ် ၃၀၀၀၀ ပေးကြောင်းနဲ့ ရရှိလာတဲ့ ပိုက်ဆံတွေကို တာဝန်ကျရဲတွေကို ပြန်လည် ခွဲဝေယူကြတယ်လို့ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

တရားမဝင် လိုင်စင်မဲ့ကား တင်သွင်းမှုကိုတော့ စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်ထိ ဆောင်ရွက်နေတာ ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဘက်ကတော့ မြို့နယ်ရဲမှူးအဆင့်ကနေ ပြည်နယ်ရဲမှူးကြီး အဆင့်ထိ ပါဝင်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page