“ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရား” – အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
“ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရား”
ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရား သင့်နှလုံးသားထဲမှာရှိပါသည်… ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ ဘုရားက ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပမှာ တည်ထားတဲ့ ဘုရားတွေ က အလကားနေရင်း အလိုအလျောက် ကိုယ်ကို လာပြီး ကောင်းကျိုးမပေးနိုင်ပါဘူး။ ကိုယ့်နှလုံးသားမှာ တည်ထားတဲ့ ဘုရားကမှ ကိုယ့်ကို ကောင်းကျိုးပေးနိုင်တာပါ။ ပြင်ပက တန်ခိုးကြီးဘုရားတွေကို ဖူးမြော်ပူဇော်တာဟာ အဲဒီ ဘုရားတွေကို အာရုံပြုပြီး ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။
ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ဘဲနဲ့တော့ ဘယ်တန်ခိုးကြီးဘုရားကမှ ကိုယ့်ကို မ,မစနိုင်ပါဘူး။ ဂုဏ်တော်တွေ ကို တစ်ကြိမ်တစ်ခါလောက် ပွားရုံ၊ အကြိမ်နည်းနည်း ပွားရုံနဲ့လည်း တစ်သက်စာ အားကိုးရလောက်အောင် နှလုံးသားထဲ က ဘုရားက တန်ခိုးမကြီးသေးပါဘူး။ အကြိမ်ကြိမ် အထပ်ထပ် ပွားမှ တန်ခိုးကြီးလာတာပါ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)