မြန်မာတွေမှာ စွဲကပ်နေတဲ့ အသက်ကြီးမြန်ရောဂါနဲ့ ပြုပြင်ရမယ့် စိတ်ထားများ

ဂရုမှာ တစ်ယောက်မေးထားတာ၊ အသက် ၄၂ နှစ်မို့ အသက်ကြီးပြီမို့ ဒီဗီထီပေါက်လို့ အမေရိကန်ရောက်ရင် အဆင်ပြေနိုင်ပါ့မလားတဲ့။

ကိုယ်တို့ သင်္ဘောတွေက အသက် ၆၀ ကျော် ကိုးရီးယားအဖိုးကြီးတွေကို ပြလိုက်ချင်တယ်။ မြန်မာပြည်မှာ လူငယ် လူလတ် လူကြီး စတဲ့ အသက်အပိုင်းအခြားခွဲတာ တစ်ခုခုတော့လွဲနေပြီထင်တယ်။ ပြီးတော့ အလုပ်ခေါ်စာတွေပေါ့။

သန့်ရှင်းရေးကြမ်းတိုက်ကိုလည်း အသက် ၂၀ ကနေ ၃၀ မှ စတဲ့ အလုပ်ခေါ်စာတွေ တွေ့ဖူးတယ်။ ဆရာ ဆရာမဆိုလည်း ဘယ်အသက်အရွယ်မှ၊ ကုမ္မဏီဝန်ထမ်းဆိုလည်း ဘယ်အသက်အရွယ်မှ၊ မလိုအပ်တဲ့နေရာတွေ အလုပ်တွေမှာလည်း အသက်အရွယ်ကို လိုက်ပြီး ကန့်သတ်နေကြတာ တွေ့တယ်။

အဲဒါတွေကြောင့် အလုပ်ခေါ်စာတွေထက် နည်းနည်းကြီးလာရင် အသက်ကြီးလာပြီလို့ ကိုယ့်ကိုယ်ကိုခံယူလိုက်ကြတာနေမယ်။

ကိုးရီးယား သင်္ဘောသား အဘိုးကြီး တစ်ယောက်ပြောဖူးတယ်။ ငါတို့တိုင်းပြည် ဒီလိုတိုးတက်ဖို့အတွက် ငါတို့အများကြီး ကြိုးစားခဲ့ကြရတာတဲ့။ အခုလည်းကြိုးစားနေရတုန်းပဲ။ ကိုယ်လုပ်နိုင်တဲ့ အလုပ်လုပ် ကိုယ်နိုင်တဲ့တာဝန် ထမ်းနေရတုန်းပဲတဲ့။

သူက ကမ်းကပ်ထားတဲ့ သင်္ဘောတစ်စီးမှာ အစောင့်လုပ်နေတဲ့ အသက် ၇၀ ကျော်အဖိုးကြီးတစ်ယောက်ပါ။ အသက် ၆၇ လောက်ထိ Chief Engineer အဖြစ် သင်္ဘောလိုက်နေခဲ့တာတဲ့။

ကျနော်တို့ဆီမှာတော့ ၅၀ ကျော်လောက်ဆိုရင်ပဲ စိတ်ကိုလျှော့ပလိုက်ပြီး ဓမ္မာရုံကိုသွားဖို့ တာဆူတော့တာပဲ လုပ်အားတွေ ဆုံးရှုံးတာပေါ့။ နောက်တစ်ချက်က လူက သူများအပေါ်မှီခိုရပြီဆိုရင် ပိုပြီးစိတ်ဓါတ်ကျသလို မြန်မြန်လည်းအရွယ်ကျလေ့ရှိတယ်။

မြန်မာပြည်ရဲ့ ပျမ်းမျှသက်တမ်းကျလာတာ အစားအသောက် လူနေမှုစနစ်အပြင် ဒီစိတ်လည်းပါမယ်။ အလုပ်တစ်ခုခုရှိနေရင် ပိုကျန်းမာတယ်။ လူငယ်တွေကိုချည်း မိုတီဗေးရှင်းလို့မရတော့ဘူးထင်တယ်

မိုတီဗေးရှင်းနယ်စပီကာတွေက လူငယ်တွေကိုသာမက လူကြီးတွေကိုပါ မိုတီဗေးရှင်း လက်ချာတွေပေးရတော့မယ်။

Min Thein Ag

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page