ရွှေမြန်မာတို့ရဲ့ ဆန်းသစ်သော ဆိုင်ကယ်စီးနည်းများ (အဘတို့ လုပ်လိုက်ရင် အဆန်းကြီးပဲနော်)

မနေ့က မြို့ထဲက အပြန် လမ်းထိပ်ရောက်တော့ လက်ထဲမှာ အထုပ်အပိုးတွေနဲ့မို့ ဆိုင်ကယ်ကယ်ရီ ငှားစီးတာ ” အစ်ကို ဆိုင်ကယ် အားလား?” ” အားတယ် ညီလေး”

“အာ့ဆို ၉ လမ်းထဲကို လိုက်ပို့ပေးပါ” ” ရတယ် ညီ တက်။ အယ် နေအုံး မရဘူးကွ” ” ဗျာ၊ ဘာဖြစ်လို့လဲ? ” “နှစ်ယောက် မစီးရဘူးတဲ့” ” ငင်” သောက်ကျိုးနည်း။ ကယ်ရီ ဆွဲစားတဲ့သူက နှစ်ယောက် မစီးရဘူး ဆိုတော့ ဘယ့်နယ့်လုပ်မတုန်း

“အားနာတယ် ညီရာ ။ အခု အမိန့်ထုတ်ထားတာက ဆိုင်ကယ်ကို နှစ်ယောက် စီးလို့ မရဘူးတဲ့” “ဪဟုတ်လား ။ ဟို ဒါဆို ဒီလို လုပ်လေ ။ ဆိုင်ကယ်ကို ကျတော် စီးသွားလိုက်မယ် ။ အစ်ကို နောက်မှ လိုက်ယူလေ” ” အေး ကောင်းသား။ အာ မရဘူးလေ ။ ငါ ဘယ်လိုလုပ် လာရမလဲ? ”

” ဟာဗျာ အာ့ဆိုလည်း ဘာလို့ ကယ်ရီ ဆွဲစားနေသေးလဲ? ” ” အေး အမိန့်က နောက်မှာ မိန်းကလေးတော့ တင်စီးလို့ ရတယ်တဲ့ကွ” ” ဪ နှစ်ယောက်က နောက်က မိန်းကလေးဆို ရတယ်ပေါ့ ” ” အေး” ” အင်း အာ့ဆို အစ်ကို့မှာ မိန်းမတို့ ညီမတို့ ရှိလား? ” ” မိန်းမတော့ ရှိတယ်လေ”

” အာ့ဆို အစ်ကို့မိန်းမ သွားခေါ်လိုက် ။ ကျတော် နောက်က တင်စီးသွားလိုက်မယ် ။ အိမ်ရောက်တော့ သူ့ဟာသူ ပြန်စီးသွားပေါ့” ” အေးနော် ဒါလည်း ရတာပဲ ။ အာ မရဘူးဟ ။ ငါ့မိန်းမက ဆိုင်ကယ် မစီးတတ်ဘူး” ” ငင်”

ငိုးမဟာတွေ ဘယ်လို အမိန့်တွေ ထုတ်နေမှန်းကို မသိဘူး နေကလည်း ပူပူ လက်ထဲမှာလည်း အထုပ်တွေနဲ့ ကယ်ရီက မစီးလို့ကို မရဘူး နောက်ဆုံးတော့ ကြံရာ မရတဲ့ အဆုံး အိတ်ထဲက လက်ကိုင်ပဝါလေး ခေါင်းမှာ စီးလိုက်ပြီး ပုဆိုးကို ထဘီ လုပ်ဝတ်လို့

“ရတယ် အစ်ကို မောင်း ။ ညီမ နောက်က တက်လိုက်မယ်” “တိန်” အေးတာပဲ

လူချွန်တော်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page