ကျွန်တော် ကိုယ်တိုင် တည်ဆောက်မယ့် ရေငုပ်သင်္ဘော (အိန္ဒိယနဲ့ ရုရှားတို့ လက်ဖျားခါသွား စေရမည်)
ကျွန်တော် ကိုယ်တိုင် တည်ဆောက်မယ့် ရေငုပ်သင်္ဘော (အိန္ဒိယနဲ့ ရုရှားတို့ လက်ဖျားခါသွား စေရမည်)
ရေငုတ်သင်္ဘောတီထွင်မည်။ ဈေးထဲက သံဖြူဆရာကိုပြောထားတယ်။ သူက သံဖြူနဲ့ အခွံလုပ်ပေးမယ်ပြောတယ်။ ပွဲညှက်ဖြင့် ရေစိမ့်နိုင်မယ့် အပေါက်တွေဖာပြီး ဆေးသုတ်လိုက်ရင် အိုကေသွားမည်။ ပန်ကာအတွက် ပဲ့ထောင်စက်လှေတွေမှာ သုံးတဲ့ သတ္တုပန်ကာကိုသုံးမယ်။ အဲ့ဒါက အလွယ်တကူ ဝယ်လို့ရတယ်။
အသံသိပ်မဆူအောင်လို့ ဘက်ထရီနဲ့ လျှပ်စစ်မော်တာသုံးမယ်။ ဘက်ထရီနဲ့ မော်တာချိတ်ပြီး ခလုတ်ဖွင့်လိုက်ရင် မော်တာလည်ပြီလေ။ မော်တာကို ပန်ကာနဲ့ချိတ်ထားတော့ ပန်ကာလည်ပြီပေါ့။ ပန်ကာလည်မှတော့ ရှေ့ကိုသွားပြီလေ။ ရေငုတ်ဖို့က ရေစုပ်ပန့်တစ်ခုနဲ့ ရေလုံခန်းထဲကို ရေစုပ်သွင်းလိုက်မယ်။ အဲ့ဒါဆိုရေအောက် ရောက်သွားမှာပဲ။
ပြန်ပေါ်ချင်ရင်လည်း ရေလုံခန်းကရေတွေပြန်မှုတ်ထုတ်လိုက်မယ်။ ရေပေါ်ပြန်ပေါ်ပြီလေ။ တည်ဆောက်ပြီးသွားရင် စမ်းသပ်မောင်းနှင်ခွင့်တင်မယ်။ ဖေ့ဘုတ်မှာကြေငြာမယ်။ စမ်းသပ်ခွင့်ရရင် လိုက်ပါစမ်းသပ်ချင်သူတွေကိုတင်ပြီး ရေငုတ် သင်္ဘောကိုမောင်းနှင်မယ်။ က္ဈန်တော့ရေငုတ်သင်္ဘောကတော့ ကျိန်းသေပေါက် ရေငုတ်မှာအသေအချာပါ။ အာမခံနိုင် ပါတယ်။
ရေမငုတ်တဲ့အဆုံးမတော့ အပေါက်လေးဖေါက်လိုက်ရုံပါပဲ။ ပြန်ပေါ်မပေါ်ကတော့ နည်းပညာလိုအပ်ချက်လို့ပဲမှတ်ယူကြပါ။ အခုမပေါ်လည်း နောက်တစ်ခါတော့ ပေါ်မှာပေါ့။ ဒီလိုပဲ လုပ်ယူရမှာပဲလေ။ ရေငုတ်သင်္ဘောတီထွင်ဖို့ အလှူငွေထည့်ဝင် ချင်သူများ ဆက်သွယ်ပေးကြပါ။ လွယ်တော့မလွယ်ဘူး။ စမ်းကြည့်ရတာပေါ့။
Nay Myo Tun