Truck Rear Impact Guard တွေ ဘုမသိဘမသိ ဖြုတ်ထားကြတော့ လူတွေ အလကား ဆုံးပါးကြရတယ်

Truck Rear Impact Guard တွေ ဘုမသိဘမသိ ဖြုတ်ထားကြတော့ လူတွေ အလကား ဆုံးပါးကြရတယ်…

ဒီနေ့ပဲ အရမ်းနဲ့ဝမ်းနည်းဖွယ်ကောင်းတဲ့ သတင်းတစ်ခုဖတ်လိုက်ရပါတယ် . . . ကွန်တိန်နာကားနောက်ကို လူစီးကားဝင်တိုက်ပြီး လူ ၆ ယောက် အသက်မလိုအပ်ပဲဆုံးရှုံးလိုက်ရတာပါ . . အရင်နှစ်ထဲမှာလဲ ဒါမျိုး ပုံစံတူ ဆရာဝန်တစ်စု ကားတိုက်ပြီး အသက်တွေ ဆုံးရှုံးတာ ဖြစ်ခဲ့ဖူးပါသေးတယ် . . . ဒီနေ့သတင်းဟာ ပထမဆုံး စိတ်မကောင်းစရာ သတင်းမဟုတ်သလို နောက်ဆုံး လဲဖြစ်မှာ မဟုတ်ပါဘူး . . တာဝန်ရှိတဲ့ အစိုးရအနေနဲ့ တစ်ခုခု အပြောင်းအလဲမလုပ်ဘူးဆို ဒါမျိုးတွေ ထပ်ခါထပ်ခါ ကြားမြင်နေရပါအုံးမယ် . .

ဘာကြောင့်ဖြစ်တာလဲ . . .

ပုံမှန်ကား ၂ စီးတိုက်မယ်ဆိုပါက Impact က ကားရဲ့ရှေ့ခြမ်း နောက်ခြမ်းမှာ ကားတောင့်အောင်ခံထားတဲ့ reinforced လုပ်ထားတဲ့ crample zone တွေရှိတဲ့ အတွက် စီးနင်းလိုက်ပါသူထံကို ထိခိုက် ဖို့ အဆင့်ဆင့်ဖြတ်ရပါတယ် . ဒါပေမယ့် ကွန်တိန်နာကားလိုမျိုး အောက်ပိုင်းမှာ ဝင်တိုက်စရာနေရာမရှိတဲ့အခါ ကားသေးရဲ့ reinforce မလုပ်ထားတဲ့ လေကာမှန် အထက်ပိုင်းနဲ့ဝင်တိုက်မိရင် အသက်ဆုံးရှုံးဖို့ က ရာခိုင်နှုန်း တော်တော်များသွားပါပြီ . . .

ဘယ်လိုကာကွယ်မလဲ . . .

နိုင်ငံတကာ မှာ ကားထုတ်လုပ်သူတွေက ထရပ်ကားအမြင့်တွေအတွက် Rear Impact Guard (ပုံပါ) ဆိုတာတွေ ဉပဒေ အရ မတပ်မနေ တပ်ပေးလိုက်ပါတယ် . ကားအသေးတစ်စီးက နောက်ကဝင်တိုက်တဲ့အချိန် တိုက်တဲ့ကားကအောက်ထဲဝင်မသွားပဲ အပြင်မှာတင် တိုက်ပြီးကား ရပ်သွားအောင် လုပ်ထားတဲ့သဘောပါ . . .

မြန်မာပြည်က ထရပ်ကား နဲ့ ကွန်တိန်နာတွဲတွေ တော်တော်များများက ပြည်ပက သွင်းလာတာဖြစ်တဲ့အတွက် ဒါတွေကပါ ပြီးသားဖြစ်ပေမယ့် ကားတော်တော်များများမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြုတ်ထားလိုက်ကြပါတယ် . . .

ဒါကြောင့် Rear Impact Guard တွေမတပ်မနေရ ပြန်လည်တပ်ဆင်ခိုင်းခြင်းအားဖြင့် အသက်ပေါင်းများစွာ မလိုအပ်ပဲ ဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါတယ် . . . ပြန်တပ်ဆင်တဲ့အချိန်မှာ နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း သံအထူအပါး ခံနိုင်ဝန် နဲ့ အနိမ့်အမြင့်များကို အတိအကျ လိုက်နာတပ်ဆင်ခြင်းဖြင့် တန်ဖိုးရှိတဲ့ အသက်များစွာကို ကယ်တင်နိုင်ပါတယ် . . .

တာဝန်ရှိပြီး တာဝန်သိတဲ့လူတွေကို မြင်စေချင် အက်ရှင်ယူစေချင်ပါတယ်…

Austin MoeZac

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page