ယောမြို့နယ်က “စုန်းမျိုး အမှတ်အသား ကျောက်ခဲအပေါက်ရှိတဲ့ ကျမရဲ့ အိမ်”

“စုန်းမျိုး အမှတ်အသား ကျောက်ခဲအပေါက်ရှိတဲ့ ကျမရဲ့ အိမ်”

ယောမြို့မှာ စုန်းရှိတယ်လို့ ပြောစမှတ်ရှိကြပါတယ်.. ကျမရဲ့ဇာတိချက်ကြွေ မွေးရပ်မြေ ယောဒေသကအိမ်တွေမှာ တံခါးပေါက် ဝိုင်းပေါက် ၂ ခုဖေါက်ထားတယ်.. တောင်သူ အိမ်တွေမို့ လှည်းဝင်ပေါက် အကြီးတစ်ပေါက် လူဝင်မို့ တံခါးတစ်ဖက်လှပ်တစ်ပေါက် ဖေါက်ထားတယ်.. အဲ့ဒီ တံခါးပေါက်တွေမှာ ကျောက်ခဲပေါက်ကြီး ဆွဲထားတတ်ကြပါတယ်ရှင်.. တစ်နေ့ကျမ အမဲ့ ကို မေးကြည့်ပါတယ် “ဘာလုပ်တာလည်း ကျေက်ခဲပေါက်ကအမဲ့” အမေ ကို အမဲ့လို့ခေါ်ပါတယ်.. ​

အမဲ့က.. နင်တို့ထက်အရင် အကြီးလေးနှစ်ယောက်သေဘူးတယ် ဘာရောဂါမှမဖြစ်ဘဲ ရုတ်တရက်မဖျားမနာဘဲ မျက်ဖြူလန်ပြီးသေသွားဘူးတယ် တယောက်က ၇ လ တစ်ယောက်က ၉ လ သူများတွေကတော့ စုန်းကိုက်တယ်ပြောကြတယ်..

အဲ့တော့ အဖေ က “ရှေးတုန်းက စုန်းမကြီးတစ်ယောက်ရှိသတဲ့ သူကညညဆိုအစားရှာထွက်ပြီး ကိုက်သတဲ့.. မနက်ကြရင် သူ့ သားသမီး မြေး မွေးခြင်းတွေ သေတာတွေ့ရသတဲ့.. သူစိတ်မချမ်းသာဘူးလေ.. ကျောက်ခဲပေါက် လေးတွေ အိမ်လှေခါးအတက်တံခါးမှာ ချိတ်ခိုင်းသတဲ့ သူ့အိမ်သူမှတ်မိပြီး သူ့အမျိုးတွေကို မစားမိအောင်ဆိုတဲ့သဘောပေါ့.. ပါးစပ်မလုံတဲ့ သူ့အမျိုးတွေက ရွာထဲရှောက်ပြောတာ ကြားခဲ့ကြသတဲ့.. ဒါ့ကြောင့် ငါတို့လည်း မြစ်ချောင်းထဲ ကျောက်ခဲပေါက်သွားရှာပြီးချိတ်ထားတာ.. အဲတော့မှ သားသမီးတွေ မသေဘဲ အဖတ်တင်တော့တယ်” ဆိုပါ့လား..

ဒါကြောင့် ယောဒေသအိမ်အချို့ရဲ့ တံခါး၀မှာ ကျောက်ခဲအပေါက်လေးတွေကို ချိတ်ဆွဲထားတတ်ကြတာပေါ့.. မကောင်းဆိုးဝါးရန်က ရှောင်ကွင်းနိုင်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ပါ.. တကယ်တော့ စုန်းမျိုးအတု လုပ်ကြတယ်ဆိုပါတော့ အဲဒီကအစပြုပြီး အိမ်တွေမှာ ချိတ်ထားကြတာပါ.. ဒီနေ့ထိ တချို့အိမ်တွေမှာ ရှိနေတဲ့ ကျောက်ခဲပေါက်လေး ရာဇဝင်လေးပါ..

ဟုတ်ပါတယ် ကျမ က စုန်းမျိုးပါ.. မကိုက်တတ် မပြုစားတတ်ပါဘူးနော်.. စုန်းမျိုး အတု ပါ.. ခောတ်စကားအရ *အင်* ပါ “စုန်းအင်ပါရှင်” အဲ ကျမအိမ်မှာလည်း ကျောက်ခဲပေါက်လေးရှိပါတယ်..

အေးအေးသွင် (ဂန့်ဂေါ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page