ဝိုင်ဖိုင်မိပြီး လူပေါင်းမှားသွားတဲ့ ဂျေမီနဲ့ အပြစ်မမြင်တဲ့ ဝိုင်းစုတို့ စကစ ပန်းပွဲတော်မှာ ဖျော်ဖြေခဲ့
စကစ ခေါင်းဆောင်က ခိုင်းလို့ လုပ်ရတဲ့ မေမြို့ ပန်းပွဲတော်ပွဲဖွင့်ပွဲမှာ အဆိုတော် ဂျေမီနဲ့ ဝိုင်းစုခိုင်သိန်း တို့ အပါအဝင် အဆိုတော်တချို့ သီချင်း လာဆိုပေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဒီဇင်ဘာ (၁၈) ရက်က မေမြို့ ကန်တော်ကြီးမှာ လုပ်ခဲ့တဲ့ ပန်းပွဲတော်မှာ ဂျေမီ၊ ဝိုင်းစုခိုင်သိန်းနဲ့ အဆိုတော်တချို့က စကစအတွက် သီချင်း လာဆိုပေးခဲ့တာ ဖြစ်ပြီး လာရောက်ကြည့်ရှု့သူ ပရိတ်သတ်တွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
“လူတွေကတော့ လာကြတယ်၊ အရင်နှစ်တွေလို ကြိတ်ကြိတ်တိုး စည်ကားတာမျိုး မဟုတ်ပေမယ့် အခုလို အခြေအနေမျိုးမှာတော့ လာကြတယ်လို့ ပြောရမှာပေါ့၊ အဆိုတော်တွေ ဘာတွေ ခေါ်ထားတာဆိုတော့ လာကြည့်ကြတာလည်း ဖြစ်မယ်“ လို့ မေမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
စကစက မေမြို့ ပန်းပွဲတော် လူစည်ကားအောင် အဆိုတော်တွေကို ငွေပေး ခေါ်ထားကာ နေ့စဉ် သီချင်းဆို ခိုင်းပြီး ပန်းပွဲတော် ဝင်ကြေးအဖြစ် တစ်ဦးကို ကျပ်(၃၀၀၀) ကောက်တယ်လို့ ဆိုပါတယ်။ စကစက နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းတယ်ဆိုတာ ပြနိုင်ဖို့နဲ့ လာမည့် လပိုင်းအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ ရှိတယ်ဆိုတာ ပြနိုင်ဖို့ ငွေကြေးအများအပြား အကုန်အကျခံပြီး နိုင်ငံတဝန်းမှာ ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပနေတာ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ နာမည်ကျော် ရပ်ပါကြီး ဂျေမီနဲ့ အဆိုတော် ဝိုင်စုခိုင်သိန်းတို့က ဝမ်းရေးအတွက်ပဲ သီဆိုခဲ့တာလား၊ သိသိရဲ့နဲ့ သီဆိုခဲ့တာလားဆိုတာ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ စကစ လုပ်တဲ့ ဖျော်ဖြေပွဲမှာ သီဆိုခဲ့ကြတဲ့ သူတို့ နှစ်ဦးကိုတော့ ပရိသတ်တွေက မေးခွန်း ထုတ်နေကြတာပဲ ဖြစ်ပါတယ်။