မို့မို့မြင့်အောင် (ခ) အမေမွှေးက (၃၅) နှစ်ကြာ ပေါင်းခဲ့တဲ့ ခင်ပွန်းကို ကွာရှင်းလိုက်ရတဲ့ အကြောင်းရင်း

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင် (ခ) အမေမွှေးက (၃၅) နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းဖြစ်သူအား ငွေကြေးအရှုပ်အရှင်းကျူးလွန်သည်ကို လက်မခံနိုင်တော့၍ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက်တွင် ကွာရှင်းလိုက်တယ်လို့ နိုဝင်ဘာလ ၂၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာလိုက်ပါတယ်။

ဒေါ်မို့မို့မြင့်အောင်၏ လွှဲအပ်ညွှန်ကြားချက်အရ တရားလွှတ်တော်ရှေ့နေ ဒေါ်မေသွယ်တင်လတ်က အဆိုပါ ကြေညာချက်ကို ကြေညာရာတွင် ဒေါ်မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ နှစ်ဦးမှာ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်ကပင် တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ရာ

ဒေါ်မို့မို့မြင့်အောင်အနေဖြင့် ခင်ပွန်းသည်အပေါ် မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့သော်လည်း ဦးမောင်မောင်ကျော်အနေဖြင့် ဒေါ်မို့မို့မြင့်အောင် လုံးဝသဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း၊ ယင်းကို သိရှိပြီးနောက် လက်ခံခွင့်လွှတ်နိုင်စွမ်းမရှိသည့်အတွက်လသာမြို့နယ် ၊မြို့နယ်တရားသူကြီး အမှတ်(၂) စည်ပင်သာယာတရားရုံး၌ နိုဝင်ဘာလ ၂၄ ရက်က တရားဝင် နှစ်ဦးသဘောတူကွာရှင်းပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ယင်းတို့နှစ်ဦး ပေါင်းသင်းစဉ်ကာလအတွင်း ဒေါ်မို့မို့မြင့်အောင် သိရှိ သဘောတူခြင်းမရှိသော ဦးမောင်မောင်ကျော်ကျူးလွန်ခဲ့သည်ဆိုသည့် ငွေကြေးအရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်း ထပ်မံကျူးလွန်ခဲ့ပါကလည်း ယင်းတို့ကို ဒေါ်မို့မို့မြင့်အောင်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ကြောင်း နှင့် ၎င်းကိစ္စအပေါ် မေးမြန်းစုံစမ်းခြင်း သီးခံပါရန် လည်း သတင်းစာကြော်ငြာတွင် ထည့်သွင်းဖော်ပြထားပါတယ်။

ဦး‌မောင်မောင်ကျော်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သိန်းထောင်ဂဏန်းကျော် ငွေကြေး အရှုပ်အရှင်း ကိစ္စကြောင့် တရားစွဲဆိုခြင်း ခံထားရတာ ဖြစ်ပါတယ်။ ယခု ကွာရှင်းရခြင်း အကြောင်းရင်းမှာလည်း အဆိုပါ တရားစွဲဆိုခြင်း ကိစ္စမှာ မို့မို့မြင့်အောင် မပါစေဖို့အတွက် ပြုလုပ်ရခြင်း ဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။ ဦးမောင်မောင်ကျော်ဟာ ကျန်းမာရေး မကောင်းသူတဦး ဖြစ်ပြီး လမ်းမလျှောက်နိုင်တာ နှစ်ပေါင်းများစွာ ကြာနေပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page