လူတွေ သိချင်နေကြတဲ့ စပါယ်ရှယ် အကောင့်ဆိုတာ ဘာလဲ (ဒါဖတ်ပြီးမှ စပါယ်ရှယ်အကောင့် ဖွင့်ပါ)

လူအများစု သိလိုသော စပါယ်ရှယ်အကောင့် ဖွင့်သင့်မဖွင့်သင့်နဲ့ ဖွင့်ပြီးလို့ ကြုံရတတ်သောအခက်ခဲ

ဥပမာ သိန်းတစ်ထောင်ထည့်ရင်ဆိုပါစို့၊ အကောင့်ထဲ အကုန်ထုတ်မရပါ။ တစ်သိန်းကျပ်တိတိ စာအုပ်ထဲချန်ထားရပါ့မယ်။ လိုသလို ထုတ်ရဖို့ ထုတ်မရဖို့က ဘဏ်တစ်ဘဏ်နှင့်ဘဏ်တစ်ဘဏ်မတူသလို မြို့တစ်မြို့မှာ ဘဏ်ခွဲတစ်ခွဲတည်းရှိရင် သိပ်ပြီးအဆင်မပြေပါ။

တစ်ရက်တည်း သိန်း ရာဂဏန်းအထက် ထုတ်လိုလျှင် ဘဏ်ကိုတစ်ရက်ကြိုတင်ပြီး နောက်နေ့ကိုယ်ထုတ်မယ့်အကြောင့် နာမည်ပြောထားရမည် booking သဘောပါ။ ကိုယ်အရင်ကဖွင့်ထားသော ဘဏ်စာအုပ်အဟောင်းထဲကနေလဲ စပါယ်ရှယ် အကောင့်ထဲ လွှဲလို့မရပါ။

တစ်ခြားတယောက်ယောက်က ကိုယ့်ဆီလွဲပေးချိန် Special အကောက့်နံပတ်လွဲခိုင်းရင်တော့ လွဲတဲ့ amount တိုင်းထုတ်ရပါတယ် ဒါဟာလဲ ကိုယ်ထုတ်မဲ့ဘဏ်မှာ ငွေရှိထားမရှိထားကမသေချာပါ။ တစ်ခါတလေ လွဲပေးသူက လွဲပေးချိန်တုန်းက no6 bank မှာ ငွေသားရှိတယ်ပြောပြီး ကိုယ်သွားထုတ်ချိန်မှာ မရှိဘူးဆိုပြီး အကုန်ထုတ်မရတတ်တာလဲ ကြုံရတတ်ပါတယ်။

နယ်မြိူ့တွေမှာဆို ဘဏ်ခွဲများများမရှိသည့်အတွက် ကိုယ်လိုသလောက်ရဖို့ ခက်ခဲတတ်ပါတယ်။ နောက်တချက် တစ်ထောင်တန်အုတ် ငါးထောင်တန်အုတ်ဟောင်းသာ ရတတ်ပါတယ် တစ်ခါတလေ ငါးရာကျပ်တန်အုတ် ရတတ်ပါတယ်

စပါယ်ရှယ်အကောင့် ရဲ့အားသာချက် ပြောရရင်တော့ မရှိသလောက်ပါ ငွေသားသယ်ရခက်သောသူ၊ ငွေပိုလျှံသောသူ၊ ငွေလွှဲ​ငွေထုတ်မကင်းသောသူ များသာ သုံးသင့်ပါတယ် ဒါတောင် စကစရဲ့ ပုဂ္ဂလိကဘဏ်အပေါ် အမိန့်အာဏာ သက်ရောက်မှုက ရှိနေဆဲမို့ သူတို့မသင်ကာသော အကောင့်ဆို အထက်ကအမိန့်အရဆိုပြီး အပြီးပိတ်သိမ်းပိုင်ခွင့်ရှိပါသေးတယ်

စာကြွင်း ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ၄၀၀ စမ်းထည့်ကြည့်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ၂၀၀ ထုတ်ဖို့ ဒီဇင်ဘာ ၂၉ ရက်နေ့ အရင်ဖုန်းဆက်ပါတယ် လမ်းမတော်ဘဏ်ရောက်တော့ ဘဏ်မှာ ငွေသားမလုံလောက်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀ ပဲထုတ်ပေးပါတယ်။

နောက်မှ မြေနီကုန်းဘဏ်ခွဲ ထပ်ဆက်ပြီး အဲ့မှာ ၁၈၀ ထုတ်ရဖို့ မျက်နှာပြ အသနားခံရပါတယ် ရပ်ကွက်စကားနဲ့ပြောရရင် စပါယ်ရှယ်အကောင့် ဖြစ်စေ အကောင့်ဟောင်း ဖြစ်စေ ကိုယ့်ချွေးနည်းစာ ပြန်ထုတ်ယူဖို့တောင် သူတို့ဘဏ်ထဲကလူကို မျက်နာငယ်လေးနဲ့ အသနားခံရပါသည်။ ဒါတောင် ဘဏ်ခွဲအများကြီးရှိတဲ့ ရန်ကုန်မြို့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page