စုပ်ခွက်ငါး ပြဿနာနဲ့ ကျူးကျော်ဝင်ရောက် ဖျက်စီးခံလိုက်ရပြီ ဖြစ်တဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်
စုပ်ခွက်ငါးပြဿနာ The Pleco plague
စုပ်ခွက်ငါးဆိုသည်မှာ တောင်အမေရိကတိုက်မျိုးရင်းဖြစ်ပီး အလှမွေးငါးကန်များတွင် ရေညှိစားတဲ့ငါးအဖြစ် နာမည်ရလာခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကဆို ငါးကန်တိုင်းမှာစုပ်ခွက်နဲ့ပေါ့။
ဒီလိုရေညှိစားတဲ့ ငါးခူမျိုးနွယ်ဝင်က တကယ်တော့ အရမ်းကြောက်စရာကောင်းတဲ့ ကျူးကျော်မျိုးစိပ်ပါ။ ဘာလို့လဲဆိုတော့
(၁) သူ့ရဲ့ မျိုးပွါးနှုန်းကအရမ်းမြန်ပီး တစ်နှစ်အတွင်းမှာ အများကြီးပွါးလာနိုင်ပါတယ်။
(၂) အမြန်ပွါးရုံသာမက အစာအရမ်းစားပီး ခဏတာအတွင်းမှာ ကြီးထွားမှုမြန်ချင်း
(၃) ဆူးတောင်တွေ၊ အကြေးခွံမာတွေနဲ့ ကာထားသောကြောင့် တခြားအကောင်တွေစားဖို့ခက်ခဲခြင်း။ ဒီအချက်တွေကြောင့် သဘာဝဂေဟစနစ်တစ်ခုမှာ စုပ်ခွက်တွေ ကျူးကျော်လာပီဆိုရင် ဖယ်ဖို့ အရမ်းခက်ခဲပါတယ်။
စုပ်ခွက်တွေ မြန်မာနိုင်ငံကို ဝင်ရောက်ကျူးကျော်နေတာ ကြာခဲ့ပါပီ။ ငါးမွေးသူတွေက နိုင်ငံခြားကသွင်းလာခဲ့ပီး မနိုင်လို့ဖြစ်စေ၊ လွတ်သွားလို့ဖြစ်စေ လူတွေဆီကနေ သဘာဝပတ်ဝန်းကျင်ထဲသို့ ရောက်ခဲ့ပါတယ်။ ထိုမှတဆင့် ပွါးလာခဲ့ရာ အခုဆိုရင် မြန်မာနိုင်ငံရဲ့ သဘာဝစနစ်ကို ကျူးကျော်ကပ်ပါးကောင်အဖြစ် တဖြည်းဖြည်း ဖျက်စီးနေပါတယ်။
ဒီစုပ်ခွက်ငါးတွေက ရေညှိကိုစားရုံသာမက ငါးတွေရဲ့ အရေပြားပေါ်က အကာအကွယ်ပေးတဲ့အလွှာ ( Slime coat ) ကိုလာပီး တက်စုပ်တဲ့အတွက် မျိုးရင်းငါးတွေ ဒါဏ်ရာ၊ ရောဂါ ဖြစ်စေပါတယ်။
ရေညှိအပြင် တခြားရေအောက်အပင်တွေ၊ ခရုတွေကို စားတဲ့အတွက် မျိုးရင်းတွေအတွက် အစာရှားပါးရပါတယ်။ အကြေးခွံမာတွေနဲ့ ကာထားတဲ့အတွက် တခြားသားရဲတွေ စားတာခံရဖို့လဲခက်ခဲပါတယ်။ ထို့အပြင် အထီးတွေက မြေကြီးတူးတဲ့အကျင့်ရှိသောကြောင့် မြစ်ကမ်း မြေဆီလွာတွေ ပျက်စီးရပါတယ်။ ဒါကြောင့် စုပ်ခွက်တွေကို နိုင်ငံအများစုမှာ တွေ့တာနဲ့ ရှင်းပစ်ဖို့ တိုက်တွန်းထားပါတယ်၊ ပွါးလာရင် ထိန်းမရတဲ့အပြင် နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကိုလဲ ပျက်စီးစေပါတယ်။
ဒီလိုငါးမျိုးကို အစိုးရကလဲ သွင်းခွင့်ပြုထားတုန်းပါပဲ။ အဲ့တော့ စည်းကမ်းမရှိတဲ့ ငါးရောင်းသမားတွေက နိုင်ငံခြားကနေ လွတ်လွတ်လပ်လပ်သယ်နိုင်ပြီး မသိနားလည်သောသူများကို ရောင်းချ၊ ဝယ်တဲ့သူတွေက မနိုင်တော့တဲ့အခါ နီးစပ်ရာချောင်းတွေ ကန်တွေထဲ ဘေးမဲ့ပေး၊ စုပ်ခွက်တွေက အသက်ပြင်းတဲ့အတွက် အဲ့နေရာတွေမှာ မျိုးပွါးပီး မူလရှိနေတဲ့ ရေနေသတ္တဝါတွေကို သေကျေပျက်စီးနေရပါတယ်။
အဓိက ကတော့ စည်းကမ်းရှိဖို့ပါပဲ။ စည်းကမ်းရှိရှိသာ မွေးမြူရောင်းဝယ်ခဲ့ရင် ဒီကောင်တွေပွါးလာစရာအကြောင်းမရှိပါဘူး။ အစိုးရကလဲ စည်းကမ်းတင်းကြပ်ချင်းမရှိတော့ လုပ်ချင်သလိုလုပ်နေတဲ့သူတွေ အရမ်းများနေပါတယ်။ ထို့ကြောင့် အားကိုးစရာက ကျွန်တော်တို့ ပြည်သူတွေပဲကျန်မယ်။ ကျွန်တော်တို့ စည်းကမ်းတကျနေထိုင်မှသာ ဒီကျူးကျော်ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။
Responsible animal keeping