ဝမ်းနည်းကြေကွဲနေတဲ့ နေရာမှာ ထီးမူနန်းဟန်တွေ လိုသေးလားလို့ မေးခွန်းထုတ်ရမယ့် ဓာတ်ပုံတပုံ

ယနေ့ အွန်လိုင်းမှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ ထိုင်းနိုင်ငံက ကလေးစောင့်ရှောက်ရေး ဂေဟာမှာ ဖြစ်ခဲ့တဲ့ ရဲဝန်ထမ်းဟောင်းတဦးရဲ့ မိုက်မဲတဲ့ လုပ်ရပ်အကြောင်းပဲ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်မှာ ကလေးငယ်အများ အပါအဝင် လူ ၃၇ ဦး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်ကြောင့် တကမ္ဘာလုံး အံ့ဩထိတ်လန့် ပူဆွေးခဲ့ရပြီး ဝမ်းနည်းကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားရာ နေရာသို့ ထိုင်းဘုရင်နဲ့ မိဘုရား၊ ထိုင်းဝန်ကြီးချုပ်တို့ သွားရောက်ပြီး ကျန်ရစ်သူ မိသားစုကို နှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတပုံမှာတော့ ထိုင်းဘုရင် မလာခင် အခင်းဖြစ်တဲ့ ကျောင်းရှေ့မှာ ကော်ဇောနီ ခင်းနေတဲ့ ပုံပဲ ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူများသာမက တကမ္ဘာလုံးမှာပါ ဝေဖန်သံများ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။

ထိုင်းတော်ဝင် ဓလေ့ထုံးစံအရ ဘုရင်ကြွချီလာတဲ့ နေရာတိုင်းမှာ ကော်ဇောနီ ခင်းရတဲ့ အစဉ်အလာ ရှိပေမယ့် ယခုကဲ့သို့ ဝမ်းနည်းပူဆွေးမှု ဖြစ်နေတဲ့ နေရာမှာ မင်းခမ်းမင်းနားနဲ့ အစဉ်အလာတွေကို လုပ်စရာ မလိုဘူးလို့ ထိုင်းပြည်သူတွေက ဝေဖန်လျက် ရှိကြပါတယ်။

တကယ်တော့ အုပ်ချုပ်သူ လူတန်းစားဆိုတာ အုပ်ချုပ်ခံ ပြည်သူတွေကို ကျေနပ်နှစ်သိမ့်ပေးနိုင်ဖို့သာ အဓိကပါ။ ရေကြီး မြေပြိုနေတဲ့ နေရာတွေကို ဘုရင်ကြွချီလာမယ်ဆိုရင် ကော်ဇောနီ ခင်းပေးဖို့ လွယ်မှာ မဟုတ်ပါဘူး။ အစဉ်အလာဆိုပေမယ့် အများပြည်သူ ပူဆွေး သောကရောက်နေချိန်မှာ ရာဇာဝင်း ဒေဝါဝင်းတွေ မလိုအပ်ဘူးလို့ ထင်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page