သဲကန္တာရထဲမှာ ကမ္ဘာ့အရှည်ဆုံး ရေသွယ်ဥမင်လိုဏ်ခေါင်း အမြန်ဖောက်နေတဲ့ တရုတ်ပြည်

ဂိုဘီသဲကန္တာရထဲ ဖြတ်ကာ ကမ္ဘာ့အရှည်ဆုံးဥမင်လိုဏ်ခေါင်းဖောက်ပြီး ရေသွယ်ယူဖို့ကြိုးစားနေတဲ့ တရုတ်ပြည်။

၅၀၀ ကီလိုမီတာရှည်တဲ့ ဒီဥမင်လိုဏ်ခေါင်းတွေ တူးစဉ်မှာပဲ တချို့နေရာတွေမှာ မြေအောက်ရေတွေ တိုးဝင်လာလို့ စိန်ခေါ်မှုအသစ်တွေနဲ့ အင်ဂျင်နီယာတွေဟာ ရင်ဆိုင်နေကြရပါတယ်။

အသုံးပြုတဲ့ ဥမင်တူးစက်တစ်စီးဟာ ဒေါ်လာသန်းဆယ်ဂဏန်းအထိတန်ပြီး၊ အဲလိုစက်ကြီးအလုံး ၂၀ ကိုသုံးကာ အပြိုင်နေရာ ခွဲတူးနေကြတာပါ။

အိန္ဒိယက ၁၀ ကီလိုမီတာအရှည် ဒါမျိုး ရေသွယ်ဥမင်လိုဏ်ခေါင်းတစ်ခုကို တည်ဆောက်တုန်းက အချိန် ၁၂ နှစ်ကြာခဲ့ရပါသတဲ့။ တရုတ်ကတော့ ဒီ ၅၀၀ ကီလိုမီတာအရှည် ဥမင်လိုဏ်ခေါင်း စီမံကိန်းစတင်ပြီး ၂ နှစ်အကြာဝယ် ၆၀% ပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။

Fransic Zin

Leave a Reply

Your email address will not be published.

x

You cannot copy content of this page