ကလေးလူကြီးမရွေး စားသုံးနိုင်ပြီး ကြိုက်နှစ်သက်ကြတဲ့ ဖာလူဒါကွမ်းယာ (သို့) ကွမ်းယာအချို ပြုလုပ်နည်း
မိန်းကလေးတွေနဲ့ ကလေးတွေ ကွမ်းမစားတတ်သူတွေ ကြိုက်ကြတဲ့ ကွမ်းယာအချိုပြုလုပ်နည်း
တချို့က ဖာလူဒါရောင်းတာလား မေးနေကြလို့ ကျနော်မမွေးခင်လောက်က ဒီကွမ်းယာကို ဖာလူဒါကွမ်းယာလို့လဲခေါ်ပါတယ်တဲ့ ကျနော်ကြားဖူးတာပေါ့။
ကွမ်းယာအချိုကို အနည်းဆုံးတစ်ယာကို တစ်ရာရောင်းလို့ရတယ် ကျနော်ကတော့ ကွမ်းရွက်ကြီးတာနဲ့ ငါးရာဖိုးကိုသုံးယာ ရောင်းတယ်ဗျ အတော်များများလဲဝယ်စားကြပါတယ်။
ကျနော်ရောင်းတဲ့ ကွမ်းယာအချိုအတွက် ပါဝင်ပစ္စည်းကတော့ အုန်းချိုမွှေး/ ကျောက်ဖရုံယို/ နာနတ်ယို/ ဖာလာ/ အာမွှေး စမုံစပါး/ အုန်းကြော်/ အုန်းသီးစိမ်းတစ်စိတ်/ ထုံးအနည်းငယ်/ ကွမ်းသီးသုံးစိတ်/ ရှားခဲရည် တစ်စက်/ အာမွှေးအဆီ(ခေါ်)အချိုရည်အနီရောင် ဖြစ်ပါတယ်။
ကျနော့်ဆိုင်မှာတော့ ကွမ်းယာအချိုယာ တစ်ယာကို နှစ်ရာကျပ် ငါးရာကျပ်ဖိုးကို သုံးယာရောင်းပါတယ်ခင်ဗျ။
အားလုံးပဲ ဈေးရောင်းကောင်းကြပါစေဗျာ။