အကူအညီမဲ့နေတဲ့ ဇီးကုန်းမြို့လေးကို ကယ်တင်ဖို့ ပရဟိတစစ်ကူတွေ သွားနေကြပြီ

အကူအညီမဲ့နေတဲ့ ဇီးကုန်းမြို့လေးကို ကယ်တင်ဖို့ ပရဟိတစစ်ကူတွေ သွားနေကြပြီ

ဇီးကုန်းမြို့အတွက် Test kit 150 မြို့နယ်ကို ဒီနေ့သွားထုတ်ဘို့ မြို့နယ်ထွေအုပ်နဲ့ ဆက်သွယ်ပြီးပါပြီ။ ဒေါက်တာကျော်ဟိန်းနဲ့ ကိုထွန်းထွန်းဦးသွားထုတ်မှာပါ။

နောက်ထပ် ရောက်ရှိတဲ့ ဆေးရုံဆရာဝန်ကြီး၊ ဒေါက်တာကျော်ဟိန်း၊ ဒေါက်တာစိုးသူတို့ရဲ့ အကြံဉာဏ်များအပေါ် အခြေခံပြီ းအစားထိုးဝင်ရောက်တဲ့ မြို့အုပ်ချုပ်ရေးမှူးရဲ့ စီမံခန့်ခွဲမှုနဲ့ Tk စမ်းသပ်ခြင်း၊ ပိုးမတွေ့လျှင် နေအိမ်တွင်း နေထိုင်စေပြီး ဒုတိယအကြိမ် ထပ်စစ်ပေးခြင်းများ ဆောင်ရွက်နိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြီးပါပြီ။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနေမိုးနဲ့ ဆက်သွယ်ညှိနှိုင်းပြီး တိုင်းကျန်းမာရေးဌာနက PCR မရရင် RDT နဲ့ဆောင်ရွက်လို့ရကြောင်း ညွှန်ကြားထား​တာ သိရတဲ့အတွက် အဆင်ပြေသွားပါတယ်။ ပိုးတွေ့လူနာကိုပဲ ဆေးရုံစင်တာမှာထားပြီး ပိုးမတွေ့ကို အိမ်မှာပဲ home stay ရက်ပြည့်အောင်ထားရင် စင်တာတွင်း ကူးစက်စိုးရိမ်မှုနဲ့ ကုန်ကျစားရိတ် ဝန်ထုပ်ဝန်ပိုး လျှော့ချနိုင်မှာပါ။

အခုလည်းတချို့ အိမ်မှာပဲ home stay နေကြတယ်ဆိုတာ သိရတဲ့အတွက် ခွဲခြားမှု မဖြစ်စေတော့ပါဘူး။ စေတနာ့ဝန်ထမ်းများအတွက်လည်း ဝန်ပိနေတာ လျော့ကျသွားမှာပါ။ Test kit ထပ်ရဖို့ ကြိုးစားနေကြပါတယ်။

PCR ရရှိဖို့ ခက်ခဲကြာရှည်တဲ့အတွက် TK နဲ့လုပ်တာက မြန်ပြီး ထိရောက်မှု ရှိမယ်ဆိုပါတယ်။ primary contact များ negative ထွက်ရင် home stay နေရမှာပါ။ ပထမတကြိမ် test kit နဲ့စစ်ပါ့မယ်၊ Negative ထွက်လျှင် နောက်တကြိမ် ၅-၆ ရက် မှာ နောက်တကြိမ်စစ်ပါ့မယ်။

Negative ထပ်ထွက်ရင် center မှာ ကျန်းမာရေးကောင်းလျှင် 10 ရက်ကျော်လျှင် home Q ထပ်နေရပါ့မယ် ( CBFQ+home Q =21) PCR စစ်ဖို့ကတော့ ပစ္စည်းရောက်တဲ့အပေါ်မှာမူတည်ပါတယ်။ အခုစစ်ဆေးမှာသည် CBFQ center မှာ PCR စစ်ဖို့စောင့်ဆိုင်းနေသူများ ကြံ့ကြာနေမှုကို လိုအပ်ချက်အရ စစ်ဆေးရပါမည်။ PCR စစ်ဖို့ စောင့်ဆိုင်းနေသူများ CBFQ center မှာ ရက်ကြာနေသည့်အတွက်ကြောင့်ပါ။

Home Q +stay home များကိုတော့ test kit နဲ့ပထမအကြိမ်စစ်ပါမယ်။ negative ဖြစ်ရင် ၄-၅ ရက်အတွင်း ရောဂါပျိုးချိန်မှီအောင် ဒုတိယအကြိမ် စစ်ဆေးပါမယ်။ primary contactတွေအတွက် CBFQ ဆက်လက်ထားရှိပါမယ်။

စင်တာမှာ ရှိနေသူများ စိတ်ရှည်သည်းခံပေးစေချင်ပါတယ်။ ပင်ပန်းနေကြတာ နားလည်​ပါတယ်။ အားလုံးစိတ်ရှည်သည်းခံပေးကြပါ။ အားလုံးကိုလေးစားပါတယ်။

Win Aung

ဇီးကုန်း(ထန်းတပင်)ကို ဝန်းရံဖို့ “We Love Shwebo” ချီတက်ပြီ

ယခု မြေပြင် အခြေအနေကို သိဖို့ သွားပြီ။ ဟိုဘက်အိမ် မီးလောင်တာ ငါ့အိမ်နဲ့ မဆိုင်ဘူး ဆိုပြီး ထိုင်မကြည့်နိုင်သရွေ့ (Aung Ko Ko)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page