ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ပြည်သူတွေအပေါ် ထားခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ စိတ်ထား

စစ်အာဏာရှင်နဲ့ကာကွယ်ဆေး

အာဏာသိမ်း မယ် တွေဘာညာ တွေ ကြားတေါ့ ကိုယ်ကတော့ ကိုယ်နဲ့ဆိုင်တဲ့ ကိစ္စသွားတွေးမိတယ်

၂၀၀၆ က ဌာနမှူး ဖြစ်ပြီး ၂၀၀၇-၈လေါက်မှာ အမျိုးသားကါကွယ်ဆေးကေါ်မီတီ အစည်းအဝေးခေါ်လို့ နေပြည်တေါ်သွားတက်ရတယ် အဲဒီတုံးက တော့ ပါမောက္ခ/ဌာန မှူး အား လုံး က အဖွဲ့ဝင်တွေပါ အခု နေက်ပိုင်းမှာတော့ Exofficio ပညာရပ်ဆိုင်ရာ အကြံပေးအဖြစ်လိုအပ်တဲ့ အစည်းအဝေးမှဖိတ်ပါတယ်

အဲဒီ အစည်းအဝေးမှာ အရင် ထိုးနေတဲ့ ဆုံဆို့ ကြက်ညှာ မေးခိုင်ကါကွယ်ဆေး ( ၃မျိုးစပ်) အစား အခု ထိုး ပေးနေတဲ့ ၅မျိုးစပ် ( H. Influenzae နဲ့ အသည်းရောင်ဘီ ပို) ကို ပြောင်းဖို့ ဆွေးနွေးကြတယ်

ဆေးတယောက်စာ ၃.၈ ဒေါ်လာကျမှာ ကို ဘေးလ်ဂိတ်ရဲ့ GAVI အဖွဲ့ကြီးက ၃.၆ ဒေါ်လာ ကျခံမယ် အစိုးရက ၀.၂ ဒေါ်လာပဲကျခံရမှာပါ ကျွန်တေါ်တို့ကလေးဆရာဝန်တွေကတော့ အကြိုက်ပေါ့ဗျာ ဒါပေမဲ့ ကမဝ ကအရာရှိကြီးတွေကတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ အဲဒီ၀.၂ စိုက်ဖို့ အထက်ကို ပြောဝံ့ပုံ မရဘူး သူ့အထက်ကဝန်ကြီးကလည်း အခုစာဖတ်နေတဲ့ ပုဂ္ဂိုလ်ကြီး ကို ပြောဝံ့ပုံမရဘူး အဲဒါနဲ့သူတို့ ကယူနီဆက်ဖိ ကမထေါက်ပံ့နိုင်ဘူးလားဆိုပြီးမေးတယ်

အဲဒီတုန်း က ယူနီဆက်ဖ် မြန်မာကိုယ်စား လှယ်က ဂျပန် လူငယ် လေးပါ သူပြောတာက အင်မတန်ပြတ်သားပါတယ် “It is not a matter of money , it is a matter of commitment” တဲ့ မဖြစ်စ်စလေါက်ပိုက်ဆံ စိုက်ခိုင်းတာက ငွေကြောင့်မဟုတ်ဘူး အဲ့ဒီနိုင်ငံကကိုယ့်နိုင်ငံသားတွေအတွက် ဘယ်လေါက်တာဝန်ယူမလဲ လိုချင်တာတဲ့ဗျ

တိုတို ပြောရရင်ဗျာ က်ုယ့်ကလေးတွေ အတွက်သိပ် အကျိုးရှိမဲ့ ဒီအစီအစဉ်က ဖြစ်မလာခဲ့ဘူး ကျွန်တေါ်တို့ကတော့ ရှက်လည်း ရှက်ဒေါသလည်း ထွက်တာပေါ့ဗျာ ( ထုတ်တော့မပြောရဲပါဘူး )

နောက်ဆုံး ၂၀၁၂ ဘပြောင်ကြီးရဲ့ လက်ထက်မှ ထည့်ဖြစ်တော့တယ် အရေခြုံဒီမို အစိုးရဆိတော့ လူထုကိုနည်းနည်းတော့မျက်နှာချိုသွေးရတာပေါ့ဗျာ ဝန်ကြီးဖြစ်နေတဲ့ ကလေးဆရာဝန်ကြီးကတိုက်တွန်းတာလည်းပါတာပေါ့ ကမ္ဘာပေါ်မှာ ၅ မျိုးစပ်ပဲ ထိုးကြတာများလာတော့ ၃ မျိုးစပ် (ဆကမ) က ဝယ်ရခက်လာတာလည်း တကြောင်း ပေါ့ သိပ်လည်းဝမ်းသာမနေနဲ့ဦး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ၁၉၁ နိုင်မှာ ကျွန်တေါ်တို့က ၁၈၁ နိုင်ငံမြောက် ၅ မျိုးစပ်ထည့်သွင်းတဲ့န်ုင်ငံပါ ဖွံဖြိုးပြီးနိုင်ငံတွေမှာ ထည့်ပြီးတာ ၁၀ နှစ် ကျော်ပေါ့

အခု လူထု အစိုး ရလက် ထက်ကြည့် ကိုဗစ်ကါကွယ် ဆေး ယူကေက ကမ္ဘာ ပေါ်မှာ ဒီဇင်ဘာ ၉ ရက်လေါက်ကစထိုးတယ် အခု ၁လခွဲလေါက်အကြာမှာ ကိုယ့်နိုင်ငံသားတွေစထိုးနေပြီ လူထု အစိုးရကပြတ်သား တယ် နိုင်ငံသားတွေကါကွယ်ဆေး ထိုး ကိုထိုးရမယ် ဘယ်လေါက်ကုန်ကုန်တဲ့ အစိုးရရဲ့စေတနာ ကိုနားလည်တဲ့ ပြည်သူတွေလည်း လှူလိုက်ကြတာ ခြိမ့်ခြိမ့်သဲသဲဗျာ လူရိုသေရှင်ရိုသေအစိုးရဆိုတေါ့ ကါကွယ်ဆေးထုတ်တဲ့နိုင်ငံတွေကလည်း လှူချင်တန်းချင် ဦးစားပေးရောင်းချပေးချင် ဗျ

၂၀၁၅ နဲ့အခုကါလကြားမှာလည်း အများကြီးဈေးကြီးပြီး အစိုးရကပိုပြီး အများကြီး စိုက်ရတဲ့ ၂၀၁၆ မှာ ပြင်းထန်အဆုတ်အအေးမိ ၂၀၁၈ မှာ ဂျပန်ဦးဏှောက်ရောင် ၂၀၂၀ မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ သားအိမ်ခေါင်းကင်ဆာကါကွယ်ဆေး တွေ အခမဲ့ထိုးဖို့ ထည့်ပေးခဲ့တာဗျ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကကလေးတွေကို ထိုးသင့်တယ်လို့အကြံပြုထားတဲ့ကါကွယ်ဆေး ၁၃ မျိုးလုံးထည့်ပြီးသား နောက် ၅နှစ်အတွက် ကါကွယ်ဆေးအတွက် ဘယ်လေါက်ကုန်ကုန်ပေးမယ်ဆိုတဲ့ ဘတ်ဂျက်ကချပြီးသား

ကိုယ့် ပြည် သားတွေ အပေါ်ထားတဲ့စေတနာက “ဆီနဲ့ရေ” “နံ့သာဆီနဲ့ အီးပါ” ဗျာ ဒါကို တတိုင်းလုံးတပြည်လုံးကသိနေလို့ မင်းတို့ အရှက်တကွဲရှုံးတာပေါ့ကွာ။ အဲဒီတော့ရင်လေးတယ်ကွာ စစ်အာဏာရှင်အေါက်ရောက်မှာတော့ အရည်အချင်းမရှိစေတနာ စိတ်ကေါင်းမရှိတဲ့ ကေါင်တွေအေါက်နေ ရမှာ ဘယ်သူကမှလက်မခံနိုင်ဘူးဆိုတာ သိသင့်ပြီကွ မင်းတို့အုပ်ချုပ်လို့ကတော့ ကိုဗစ်တတိယလှိုင်းလါရင်ငါးပါမှောက် ရချည်ရဲ့

ကိုယ့်အလုပ်ကိုယ်နိုင်နင်းအေါင်လုပ်ပါကွာ အာဏာလိုချင် လည်း အရပ်ဝတ်ပြောင်းပြီး ရွေးကေါက်ပွဲ ဝင်ပေါ့ သာဝရာ မင်း ကိုကြိုက်ရင် မဲထည့်မှာပေါ့

Saw Win

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page