တရုတ်ကိုဗစ် ကာကွယ်ဆေး ယခင် ကြေညာထားသည်ထက် အာနိသင် များစွာလျော့နည်းကြောင်း တွေ့ရှိ

တရုတ်ကိုဗစ် ကာကွယ်ဆေး ယခင် ကြေညာထားသည်ထက် အာနိသင် များစွာလျော့နည်းကြောင်း တွေ့ရှိ

တရုတ်ဆေးကုမ္ပဏီ စီနိုဗက် ဘိုင်အိုတက်ချ်က ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ၅၀ ဒသမ ၃၈ % ပဲ ထိ ရောက်မှုရှိကြောင်း ဘရာဇီးမှာ နောက်ဆုံးစမ်းသပ်မှုအရ စစ်ဆေးတွေ့ရှိတာကြောင့် မူလကြေညာတဲ့ ရလဒ် ၇၈ % ဆိုတာထက် အာနိသင်လျော့နေတယ်လို့ ဘရာဇီးအစိုးရက ထုတ်ပြန်ကြေညာပါတယ်။

ဘရာဇီးက စီနိုဗက် ရဲ့ ကိုရိုနာဗစ်ရဲ့ ကာကွယ်ဆေးဟာ ပြိုင်ဘက်တွေထဲမှာ အနိမ့်ဆုံးဖြစ်ပြီး အချက်အလက်မှန်ကို ပွင်းလင်းမြင်သာ မထုတ်ပြန်တာကြောင့် တရုတ်ဆေးတွေကို နိုင်ငံတကာယုံကြည်မှုအပေါ် ထိခိုက်မယ့်အပြင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကိုဗစ် ကာကွယ်ဆေး ထောက်ပံ့မယ့် တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုကိုလဲ အဟန့်အတားဖြစ်လာမယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

ဘရာဇီးက ပြည်နယ်ရှစ်ခုက ကျန်းမာရေးဝန်ထမ်း ၁၃,၀၀၀ ကို ကာကွယ်ဆေး အဆင့်သုံး စမ်းသပ်ရာမှာ အစိုးရ ဘဏ္ဍာနဲ့ လုပ်ခဲ့တာပါ။ ဆေးရလဒ်နဲ့ပတ်သက်လို့ ဘရာဇီးကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်းရဲ့ အကဲဖြတ်ချက်ကို စောင့်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့်အရာထမ်းတဦးက ပြောပါတယ်။

တရုတ်ကုမ္ပဏီ စီနိုဗက်ကတော့ ရလဒ်နဲ့ပတ်သက်လို့ ဆွေး‌နွေးနေတုန်းလိုပဲ ပြောပါတယ်။ ကမ္ဘာမှာ လက်ရှိထုတ်လုပ်နေတဲ့ ကိုဗစ် ကာကွယ်ဆေး အာနိသင်ထိရောက်မှုတွေကို ကြည့်လိုက်ရင် Pfizer-BioNTech နဲ့ Moderna က ပျမ်းမျှ ၉၅ %၊ ရုရှားထုတ် Sputnik V က ၉၁ %၊ ယူကေရဲ့ Oxford-AstraZeneca က ၇၀ % အသီးသီးဖြစ်ပါတယ်။

စီနိုဗက်ရဲ့ ကာကွယ်ဆေးဟာ ထိရောက်မှု ၇၉ ဒသမ ၃၄ % ထိရောက်တယ်ဆိုတဲ့ တရုတ်ပြည်တွင်းပြိုင်ဘက် အစိုးရပိုင် စီနိုဖန်းမ် ထုတ် ဆေးထက်လဲ ထိရောက်မှု ရာနှုန်းလျော့နည်းပါတယ်။

စီနိုဗက်က ဘရာဇီးကို ကိုဗစ် ကာကွယ်ဆေး ၄၆ သန်း၊ တူရကီကို သန်း ၅၀၊ ဟောင်ကောင်ကို ခုနစ်သန်းခွဲ အသီးသီး တင်ပို့ဖို့ သဘောတူ လက်မှတ်ထိုးထားတဲ့အပြင် အင်ဒိုနီးရှားမှာ ဆေး သန်း ၄၀ ထုတ်လုပ်ဖို့လဲ သဘောတူ ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page