မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုတဲ့ ဂျင်းနဲ့ အကုသိုလ် ဖြစ်ရတဲ့ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဉ်
မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုတဲ့ ဂျင်းနဲ့ အကုသိုလ် ဖြစ်ရတဲ့ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဉ်..
ဘုရားဖူးသွားခဲ့တယ်။ နေရာအများစုက စိတ်ကြည်နူးမှု မရ ကုသိုလ် မရလို့ စျေးသည်တွေ၊ အလှူခံတွေကြောင့် စိတ်ရှုပ်ရ အကုသိုလ်ဖြစ်ရတယ်။ သွားဖူးတဲ့အထဲ ပုပ္ပားတောင်၊ အင်းလေးဖောင်တော်ဦး အတော်ဆိုးတယ်။ ပုပ္ပားတောင်ဆို အလှူခံနေရာတွေကို လေလံဆွဲပီးများ ခံကြသလားမသိဘူး။ ပေါများချက် ဇွတ်အတင်းပဲ။
ခုသွားခဲ့တဲ့ မင်းကွန်း မြသိန်းတန်ဘုရား အတော်ဆိုးတယ်။ ဒါးမြတိုက်နေသလိုပဲ သူတို့အချင်းချင်းလည်းရန်တွေဖြစ် ဆူညံလို့ ဒါနဲ့ မနေတတ်တဲ့ကိုယ်က ဘေးမှာ အလှူခံဖွင့်ထားတဲ့ ဦးလေးနှစ်ဦးကို ဒါတွေမထိန်းသိမ်းဘူးလားပြောတော့ စာရွက်လေးထုတ်ပေးတယ်။
ကျနော်တို့လည်း မနိုင်လို့ လွှတ်ထားရတာ။ ဆရာတော်တွေ လာထိန်းမှရတာတဲ့။ ထိန်းလည်းခဏပဲတဲ့ ရေးထားတာဖတ်ပီး ဘာပြောရမှန်းတောင်မသိတော့။
ဘာတာဝန်ယူ တာဝန်ခံမှုမှမရှိ။ အလှူငွေခံဖို့ပဲသိတယ်။ ဒါမျိုးတွေကြောင့် ဧည့်သည်တွေလည်း စိတ်ညစ်ညူးရ ဒေသအတွက်လည်း သိက္ခာကျစရာဖြစ်ရတယ် မင်းကွန်းဒေသအပါအဝင် တစ်နိုင်ငံလုံး သက်ဆိုင်ရာတွေက ပြုပြင်ထိန်းကြောင်းနိုင်စေချင်ပါတယ်။ ကျော်ကြီး (MDY)