မည်သည့်ဆိုင်ကယ် အမျိုးအစားမဆို ဖွင့်နိုင်တဲ့ ဆိုင်ကယ်သူခိုးတို့၏ “မာစတာကီး”
မည်သည့်ဆိုင်ကယ် အမျိုးအစားမဆို ဖွင့်နိုင်တဲ့ ဆိုင်ကယ်သူခိုးတို့၏ “မာစတာကီး”
မည်သည့်ဆိုင်ကယ်သော့အမျိုးအစားကိုဖြစ်စေ အလွယ်တစ်ကူဖွင့်ထုတ်နိုင်သည်။ သော့အတွင်းရှိ ကြေးပင်ကလေးများကို အလွယ်တစ်ကူကျိုးထွက်သွားအောင် အားဖြင့်လှည့်လိုက်ရုံဖြင့် သော့အလွယ်တစ်ကူ ပွင့်နိုင်သည်။
ဆိုင်ကယ်သော့အတွင်းရှိ ကီးလိုင်းမတူစေကာမူ အတွင်းမှ ကီးအဖြစ်ထည့်ထားသော ကြေးပင်များကို အားဖြင့်လှည့်ပြီးချိုးလိုက်ရုံဖြင့် ဆိုင်ကယ်သော့ကို အလွယ်တစ်ကူပွင့်စေပါသည်။
မိမိတို့ဆိုင်ကယ်များကို ဇက်သော့ခတ်ထားရုံဖြင့် စိတ်မချရပါ။ ဇက်သော့ခတ်ထားသောဆိုင်ကယ်များကို အလွယ်တစ်ကယ်လှည့်ဖွင့်နိုင်သည်။ အရှည် (ခန့်မှန်း) ၄ လက်မလောက်သာရှိပြီး ဆိုင်ကယ်ခိုးယူမည့်သူက အလွယ်တစ်ကူ အိတ်အတွင်းဖွက်ပြီးယူဆောင်နိုင်ကာ၊ ခိုးယူလိုသောဆိုင်ကယ်အနီးရောက်မှ အိတ်အတွင်းမှ ထုတ်ပြီး တစ်ချက်လှည့်ရုံဖြင့် သော့ပွင့်သွားနိုင်၏။
ထို့ကြောင့် လူသူအစောင့်မရှိသောနေရာများတွင် မိမိဆိုင်ကယ်ကယ်ကို စိတ်ချလက်ချထားခဲ့ရန် လုံးဝမသင့်ပါ။ မထားမဖြစ်ထားမည်ဆိုပါကလည်း ချိန်းကြိုးသော့များဖြင့်ပါ ထပ်မံခတ်ထားသင့်ပါသည်။ တန်ဘိုးပိုရှိသောထိုင်းဘီးများမှာ ဆိုင်ကယ်သူခိုးတို့၏ ပစ်မှတ်ဖြစ်နေပါသည်။ အထူးဂရုစိုက်ကြရန်အတွက် ဗဟုသုတအဖြစ်တင်ပြခြင်း သာဖြစ်ပါသည်။