ဗြိတိသျှ ပြတိုက်ရောက်နေတဲ့ မြန်မာ့အမွေအနှစ်စစ်စစ် တန်ဖိုးကြီး ဆင်စွယ်ပန်းပုစေတီတော်

၁၉ ရာစု အစောပိုင်းက ဆင်စွယ်ဖြင့်ပြုလုပ်ထားတဲ့ စေတီတော်ပုံစံ ပန်းပုလက်ရာဖြစ်ပြီး ဒီဆင်စွယ် ပန်းပုကို မြန်မာနိုင်ငံ မော်လမြိုင်မှ ပြုလုပ်သည် ဟု ဖော်ပြထားပါတယ်။

ယခုဖော်ပြပါ ဆင်စွယ်ပန်းပုသည် အမြင့် ၂၈.၅ စင်တီမီတာ အမြင့်ရှိပြီး ဆင်စွယ်ပန်းပုတွင်အပိုင်း ၄ ပိုင်းတို့ဖြင့် ပေါင်းစပ် ပြုလုပ်ထားပါသည်။ အပိုင်းအလိုက် ပြုလုပ်ထားသော ပန်းပုများရှိပြီး အပိုင်းတစ်ခုခြင်း ဖော်ပြရလျှင်…

၁ ။ အပေါ်ဆုံးထိပ်ပိုင်းတွင် ဗောဓိပင်ရင်းအောက် ပလ္လင်ပေါ်မှ ဗုဒ္ဓ မြတ်စွာဘုရား၏ပုံတော်ကို ဆင်စွယ် ဖြင့်ထုလုပ်ပြီး ထည့်သွင်းကာ ပူဇော်ထား ပါတယ်။

၂ ။ ဒုတိယအပိုင်းတွင်တော့ ကြာပလ္လင်ပေါ်တွင် ဘူမိမုဒြာဖြင့်ထိုင်တော်မူသောဗုဒ္ဓမြတ်စွာဘုရားရှင်အား လက်ဝဲ လက်ယာမှ နတ်နှစ်ပါးမှ ရှိခိုးနေဟန် ထုလုပ်ထားသည်။

၃ ။ တတိယအပိုင်းတွင် ပဉ္ဖဝဂီ ငါးဦးအား ရည်ညွှန်းတဲ့ ရဟန်း ၅ပါး၏ ရှိခိုးနေကြပုံကို ထွင်းထုထား ပါသည်။

၄ ။ အောက်ဆုံး စတုတ္ထအပိုင်းတွင်တော့… တိရစ္ဆာန်လေးကောင်၏ ရုပ်ပုံတို့ကိုထွင်းထုထားပြီး…ဆင်၊ ကျား၊ ခြင်္သေ့ နှင့်အောက်ဆုံးအခြေဘက်တွင် သစ်ပင်အောက်မှ သမင်တစ်ကောင်ရဲ့ပုံ ထွင်းထု ထားပါသည်။

ဆင်စွယ်တစ်ချောင်းလုံးကို အခေါင်းဖေါက်ထွင်းပြီး အထဲမှာ စေတီတော်တို့ရှိ ဌာပနာတိုက်ပုံစံ စိတ်ကူး ဖြင့် ဗုဒ္ဓရုပ်ပွားတော်အသေးကို(ဆင်စွယ်၏ထိပ်ဖျားပိုင်းဖြင့်)ထုလုပ်ကာ ထည့်သွင်း ထားသည်။လက်ရှိ ဗြိတိသျှပြတိုက်တွင် ထိန်းသိမ်းပြသထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page