ယနေ့ လိုင်းပေါ်မှာ ခေတ်စားနေတဲ့ ဆင်ရုပ်ရဟတ်ယာဉ်ယတြာရဲ့ နောက်ကွယ်က အကြောင်းအရင်း
ဖော်ပြပါပုံတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ၁၉၇၀ ဝန်းကျင်ခန့်က အိန္ဒိယနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။
ထိုအချိန်က နယူးဒေလီမှာ ပြုလုပ်တဲ့ အိန္ဒိယနိုင်ငံ အမျိုးသားနေ့ ချီတက်သရုပ်ပြပွဲတခုက ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ကိုယ်ထည်မှာ ဆင်ရုပ်စွပ်ပြီး သရုပ်ပြမောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
ဆင်ရုပ်သာမက ငါးရုပ်လည်း စွပ်ပြီး မောင်းနှင်ပြသခဲ့ပါတယ်။ အိန္ဒိယနိုင်ငံလေတပ်ရဲ့ အမှတ် (၁၁၆)၊ ရဟတ်ယာဉ်တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်များကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါရဟတ်ယာဉ်တွေဟာ ပြင်သစ်နိုင်ငံထုတ် အဲလူးဝက် အမျိုးအစား ရဟတ်ယာဉ်များ ဖြစ်ပါတယ်။
ထင်ယောင်ထင်မှား သဘောမျိုးနဲ့ လူအများ ရှဲနေကြတာ တွေ့ရလို့ သတင်းအမှန်ကို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
လူတွေကို ဦးတည်ချက်တွေ ပျောက်သွားအောင် သတင်းအတုတွေကို တမင်ဖွပြီး ရည်ရွယ်ချက် ရှိရှိ လုပ်နေတာ ဖြစ်နိုင်ကြောင်း၊ အဖွဲ့လိုက် အချိန်ကိုက် ဖြန့်ဝေတာ ဖြစ်နိုင်ကြောင်း သတင်းသုံးသပ်သူများက မှတ်ချက်ပြုထားကြပါတယ်။