ရေသန့်ဘူးနဲ့ စားသုံးဆီဘူးများ ထုတ်လုပ်မှုကို စကစ ထိန်းချုပ်၊ လုပ်ငန်းမှတ်ပုံတင် ပြန်လုပ်ရမည်

မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ နဲ့ သောက်ရေသန့်ဘူးနှင့် စားသုံးဆီတို့ကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်ပါတယ်။

ယင်း ပစ္စည်း ထုတ်လုပ်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား အသေးစိတ်ထုတ်ပြန်သွားဖို့ ရှိတယ်လို့ FDA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိန်းချုပ်အစားအသောက် ဖြစ်သွားရင် ထုတ်ဝေခွင့် မှတ်ပုံတင်ပြီးမှ ထုတ်ရမည် ဖြစ်ကြောင်း၊ စစ်ဆေးမှုတွေလည်း လုပ်မည် ဖြစ်ကြောင်း၊ ဆီကတော့ လိုင်စင် ရှိတာနဲ့ ထုတ်လို့ ရကြောင်း၊ ထုတ်ဝေခွင့် အမိန့်တွေ ပေးမှာ ဖြစ်ကြောင်း၊ ဥပမာ ပဲဆီ၊ နှမ်းဆီဆို အစစ်ပဲ ဖြစ်ရမည် ဖြစ်ကြောင်း၊ ရောတယ်ဆို ဘယ်လောက်ရောတယ် ဆိုတာ ဖော်ပြထားရမှာ ဖြစ်တယ်လို့ FDA တာဝန်ရှိသူက ပြောပါတယ်။

ယခုကဲ့သို့ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်မှုသည် ပထမဦးဆုံးအကြိမ် ဖြစ်ကာ ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုများအပေါ် စိစစ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page