စိန်ရွှေရတနာအကြောင်း သိကောင်းစရာ၊ ရွှေဝယ်ရင် ရှုံးသလား၊ ရွှေဝယ်တိုင်း ရှုံးသလား..?
စိန်ရွှေရတနာအကြောင်း သိကောင်းစရာ၊ ရွှေဝယ်ရင် ရှုံးသလား..?
လူအများစုပြောကြတယ် ရွှေ၀ယ်ရင် ရှုံးတယ်။ အရှုံးမခံနိုင်ရင် ရွှေမ၀ယ်နဲ့တဲ့။ ရွှေ၀ယ်တိုင်း ရှုံးသလား။
မရှုံးပါဘူး။ အထည်၀ယ်မှသာ လုပ်ခ အလျော့လက်ခအတွက် ပိုပေးဆောင်ရတာပါ။
ခင်ဗျားက ရွှေကို၀တ်ချင်တာဆိုရင်တော့ အထည်တစ်ခုဖြစ်လာဖို့အတွက် အလျော့လက်ခပေးရပါမယ်။ ပုံဆန်းရင်ဆန်းသလို ပေးရပါမယ်။ ခုခေတ်ပုံဆန်းစက်ဖြတ်တွေဆို ပိုပေးရပါတယ်။
ဥပမာ ခင်ဗျား အ၀တ်အစတစ်ခု၀ယ်ရင် အစဖိုးပဲပေးရမယ်။ အဲ ၀တ်ချင်တာဆိုရင်တော့ ချုပ်ခပေးရမှာပဲမလား။ ဒီနေ့ အပေါ်အောက် ၀မ်းဆက်ချုပ်ရင် ပွဲတက်ဆိုရင် အနည်းဆုံး သိန်းဂဏန်းပေးနေရပြီ။
တစ်ကျပ်သားရွှေဆွဲကြိုး ၁၂ သိန်းတန် တစ်ကုံးမှ အလျော့တစ်ပဲ။ ၇ သောင်းလောက်ပဲပေးရတယ်။ အဲ့လိုလုပ်တက်ဖို့ ပန်းတိမ်ပညာ ၃ နှစ်အထက် အချိန်ပေးသင်ခဲ့ရတယ်။ ပြန်လာရောင်းလို့ ကောင်းသေးရင် အပြည့်မရှုံးဘူး။
လက်စွပ် ၁ ကွင်းမှ တစ်သောင်းခွဲလောက်ပဲပေးရမယ်။ ဒါတွေက အထည်ပြုလုပ်ခအတွက်ပေးရတာပါ။ ခုနပြောသလို ချုပ်ခပေးရတာပါ။
ခင်ဗျားတို့ ပွဲရှိလို့ အတုငှား၀တ်ရင်တောင် တစ်ရက်ကို ထောင်ဂဏန်း အနည်းဆုံးပေးရတာလေ။ ဆွဲကြိုးတစ်ကုံးတစ်နှစ်ပဲ၀တ်။ အလျော့လက်ခပေးလိုက်ရတဲ့ငွေနဲ့ တစ်ရက်ဘယ်လောက်ပဲကျလည်း တွက်ကြည့်။ ဘာမှမရှိပါဘူး။
အ၀တ်အစားကပြန်သွင်းလို့မရဘူး။ ရွှေကပြန်သွင်းလို့ရတယ်။ ပေါင်သုံးလို့ရတယ်။ ငွေဖြစ်လွယ်တယ်။ စျေးတက်ရင် တက်စျေးရပါတယ်။
ရွှေဆိုင်တစ်ဆိုင်က အရင်းအနှီး၊ အစိုးရဆောင်ရတဲ့အခွန်၊ ၀န်ထမ်းစားရိတ်၊ လက်ဆောင်ပစ္စည်း၊ ဘောက်ချာဖိုးကအစ၊ အချိန်များစွာယုံကြည်မှုတည်ဆောက် ရင်းနှီးထားပီးမှ ပန်းတိမ်ဆရာကိုလက်ခရှင်းပေးပြီး တစ်ခု ထောင်ဂဏန်းကနေ တစ်သောင်း နှစ်သောင်းထက်ပိုမရပါဘူး။
ရွှေထည်မှာက ယူတဲ့အလျော့နှုန်းထားလေးတွေက စံရှိပြီးသားပါ။ ဘောက်ချာထဲမှာဖော်ပြရတယ်။ စိန်ထည်လို ဆော်လို့မရဘူး။
ဒါဆို စံနှုန်းထက်ပိုဆော်တဲ့ဆိုင်တွေရော မရှိဘူးလားမေးမယ်။ ရှိပါတယ်။ အဲ့လိုမခံရစေဖို့ ၀ယ်တဲ့အခါ မိမိနှစ်သက်တဲ့ ၂ ဆိုင်လောက် အနည်းဆုံးပြောင်းပီး နှိုင်းယှဉ်၀ယ်ပေါ့။
ဟုတ်ပြီ ၀ယ်ပြီး မရှုံးချင်ဘူး ငွေမပျောက်ပျက်အောင်စုချင်တာဆို ဘယ်လိုလုပ်ရမလဲ။ မီးလင်း ရွှေအတုံး၀ယ်ပါ။
ဒီနေ့ခေတ်မှာ ၅ သောင်းဖိုးလောက်ကစပြီး လိုသလောက် ဖြတ်ရောင်းပေးကြပါတယ်။ အတုံးကတော့ စျေးတက်ရင် တက်သလောက်မြတ်ပြီး ကျရင်ကျသလောက်ရှုံးပါမယ်။ ဒါကတော့ဘယ်နယ်ပယ်ဖြစ်ဖြစ်ပါ။
ခင်ဗျားကိုင်ထားတဲ့ငွေတောင် တန်ဖိုးအတက်အကျရှိပါတယ်။
စျေးတက်ပြီး ဘာလို့မမြတ်တာလဲတဲ့…
အတုံး၀ယ်ထားသူကတော့ တစ်သိန်းတက် တစ်သိန်းမြတ်ပါမယ်။ သူက အလျော့လက်ခမပါထားလို့ပါ။ အထည်၀ယ်ထားသူကတော့ အလျော့လက်ခရယ် ၀တ်ထားတဲ့အတွက် ရွှေလျော့တာတွေအတွက် ခုနှိမ်ပြီးမှ ပိုမှမြတ်ပါမယ်။
ဒီနေရာမှာ တစ်ကျပ်သားမှ တစ်သိန်းစျေးတက်တာကို တစ်ပဲသားလောက်အထည် ၀ယ်ထားပြီး မြတ်ချင်လို့မရပါဘူး။
တစ်ရာကို ဘယ်လောက်အရှုံးဆိုပြီး ရာခိုင်နှုန်းအရှုံးဆိုင်က၀ယ်ထားရင်တော့ ဘယ်လောက်စျေးတက်တက် တစ်သက်လုံးမမြတ်ပါဘူး။ ရှုံးမှာပါပဲ။
နည်းလမ်းမှန်စွာ ရွှေငွေစုဆောင်းလို့ သူဌေးကြီးတွေဖြစ်ကြပါစေ…
နောက်လည်း စိန်ရွှေရတနာနဲ့ ပတ်သက်ပြီး ပြည်သူများသိသင့် သိထိုက်တာ၊ ဆောင်ရန် ရှောင်ရန်များကို ရေးသားပေးသွားပါ့မယ်။
– ကျော်ကြီး(MDY)