ရှမ်းပြည်နယ်တောင်ပိုင်း ဘာလို့ငြိမ်းချမ်းရသလဲ..? (အဓိက အကြောင်းအရင်း)

ရှမ်းပြည်နယ်တောင်ပိုင်း ဘာလို့ငြိမ်းချမ်းရသလဲ..?

ရှမ်းပြည်နယ်တောင်ပိုင်း ငြိမ်းချမ်းရသည့် အဓိက အကြောင်းအရင်းသည် ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင် ခမ်းထီ၊ ပအိုဝ်းအမျိုးသား တပ်မတော်နှင့် ပအိုဝ်းတိုင်းရင်းသား ပြည်သူလူထုသည် ငြိမ်းချမ်းရေးကို အမှန်တကယ် မြတ်နိုးသောကြောင့်ဖြစ်သည်။

အပစ်အခတ်စတင် ရပ်စဲသည့် ၁၉၉၁ အေပြီလ ၁၁ရက်နေ့မှစ၍ နိုင်ငံတော် နှင့် တပ်မတော်အပေါ် မိမိတိုင်းရင်းသားအပေါ်သစ္စာရှိသော အဖွဲ့အစည်း တခုလည်းဖြစ်သည်။ ထိုစဉ်က တပ်မတော်အစိုးရက အထူးဒေသ (၆) အဖြစ် သတ်မှတ်ပေးခဲ့သည်။

အထူးဒေသ (၆) သည် အကြမ်းအားဖြင့် အရှေ့ဘက် လွိုင်လင် နမ့်စန် မောက်မယ်မှ အနောက်ဘက် ပင်လောင်း နေပြည်တော်အစပ်ထိ ၎င်း၊ မြောက်ဘက် ရပ်စောက် ဆပ်သေ ဇလဲ မှ တောင်ဘက် ရှမ်းကယားနယ်စပ်အထိ လည်းကောင်း မှတ်ယူရပေမည်။ တနည်းအားဖြင့်တာင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်ကို အထူးဒေသ (၆) အဖြင့် သတ်မှတ်ခဲ့ပါသည်။

ပအိုဝ်းတပ်ရင်း တပ်ဖွဲ့ပေါင်း ၁၀၁ ရင်းရှိပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်း မြို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ အဖြစ်သတ်မှတ် ပေးခဲ့ပါသည်။ လူမျိုးရေးမုန်းတီးစိတ် အမြန်ဆုံး ချေဖျက်နိုင်သည့် တိုင်းရင်းသား လူမျိုးတစ်မျိုးလည်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေးယူရပြီး လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတတ်သော လူမျိုးနှင့်ဒေသကို ပြပါဆိုလျှင် ပအိုဝ်းလူမျိုးနှင့် ပအိုဝ်းဒေသကို ပြရပါလိမ့်မည်။

ရှမ်းပြည်တောင်ပိုင်း ငြိမ်းချမ်းကြောင်း ဘုရားဖူးခရီးစဉ် ဖြစ်သည့် ကလော- တောင်ကြီး- အင်းလေး- ပင်းတယ- ကက္ကူ- ထန်မစမ်းဂူ ခရီးစဉ်များက သက်သေအဖြစ် သိနိုင်ပေသည်။ ငြိမ်းချမ်းရေးရသည့်အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စီးပွားရေးလျှင်မြန်စွာ ဖွံဖြိုးတိုး တတ်လာပေသည်။ ငြိမ်းချမ်းနေပြီး တိုက်ပွဲ မဖြစ်သည့်အတွက် နိုင်ငံတော်မှာလည်း စစ်စရိတ်သက်သာပြီး ကျန်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း မှာ ပိုမို ဘတ်ဂျက်ချနိုင်ပေသည်။

တိုင်းရင်းသား ပြည်သူလူထုလည်း စိုက်ပျိုးရေး စီးပွားရေးကို ငြိမ်းချမ်းစွာလုပ်ကိုင်စားသောက် အိပ်စက်နိုင်ပါသည်။ ဤရှမ်းပြည်တောင်ပိုင်းကဲ့သို့ တနိုင်ငံလုံးရှိဒေသများ ငြိမ်းချမ်းရေး ရသွားပါက စစ်စရိတ်မကုန်ကျတော့ဘဲ စီးပွားရေး လျှင်မြန်စွာ ဖွံဖြိုးတိုးတတ်လာပေမည်။ ပြညာထောင်စုမြန်မာနိုင်ငံတော်လည်းငြိမ်းချမ်း ဖွံ့ဖြိုး တိုးတတ်လာပေမည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page