ကားပိုင်ရှင် အရှင်ဘုရားများသို့ တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား
ကားပိုင်ရှင် အရှင်ဘုရားများသို့ တပည့်တော်ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား…
နံပါတ်အဝါတပ် ယာဉ်တော်မြတ်ဖြင့် လိုရာဌာနကြွမြန်းခြင်းမှာ ကောင်းကင်ဈာန်ရ ပျံကြွခြင်းမဟုတ်၍ မီးနီလျှင် ရပ်ရပါသည်ဘုရား။
လမ်း၏စည်းကမ်း ဘယ်ခြမ်းညာခြမ်း သတ်မှတ်ထား၍ မဇ္ဈိမပဋိပဋာ လမ်းစဉ်ကိုင်စွဲ လမ်းလယ်မျဉ်းက မောင်း၍ မရပါအရှင်ဘုရား။ သတ္တဝါအများ စာနာသနားလျှင်လည်း ဘယ်ညာမှမသိတဲ့ ဆယ်ရွာက ငတိတွေကို ကားမောင်းမခိုင်းစေလိုပါ ဘုရား။
တပည့်တော် ငချွတ်စကားကို အမျက်လည်း မထားစေလိုပါ။ “ယောနိသောမနသိကာရ” ကို နှလုံးသွင်း အရှင်ဘုရားကားလာရင် တပည့်တော်လိုအကောင်က လမ်းဘေးဆင်းရှောင်ဖို့ အသင့်ပါဘုရာ့။ တပည့်တော်လိုအကောင်က သံဃာ့ ဂုဏော အနန္တော ပါဘုရား။
(ဦးမိုး)