မြေကြီးက ရွှေသီးတယ်ဆိုတဲ့အတိုင်း တကယ့်ရွှေအစစ် သစ်ရွက်တွေထွက်တဲ့ ထူးဆန်းတဲ့သစ်ပင်
သိပ္ပံ ပညာရှင် တွေက ရွှေကြောရှာဖွေ ရင်းနဲ့ ရွှေတွေ သီးနေတယ်လို့ ဆိုလို့ရတဲ့ ယူကလစ်သစ်ပင်တွေကို မတော်တဆ တွေ့ရှိခဲ့ ပါတယ်။ ဒီအပင်တွေကို ဘယ်လို အသုံးချ ကြမလဲ။
ပုံပြင်ထဲ မှာတော့ ကိုယ်လိုချင်တဲ့ ပစ္စည်း တွေကို အပင် တွေဆီက ခူးယူကြတာ ကြားဖူး ကြမှာပါ။ ရှေးတုန်း ကလဲ ပစ္စည်းတွေ သီးတဲ့ ပဒေသာပင် ဆိုတာ ရှိခဲ့တယ်လို့ လူကြီးတွေက ပြောဖူးကြ ပါတယ်။ ကဲအခု ကတော့ ပစ္စည်းတွေ သီးတဲ့ အပင်တွေ အကြောင်းတော့ မဟုတ် ပေမယ့် ရွှေထွက်တဲ့ သစ်ပင်တွေ အကြောင်း ပြောပြမှာပါ။
ရွှေထွက်တဲ့ သစ်ပင်တွေ တွေ့တဲ့ နေရာ ကတော့ ခြောက်သွေ့တဲ့ ဒေသ တစ်ဖြစ်လဲ Goldfields-Esperance ဒေသဖြစ်ပြီး သြစတြေးလျ တိုက် အနောက် ဘက်မှာ ရှိတာပါ။
မူလ ကတော့ ရှာဖွေသူ တွေဟာ ဒီရွှေထွက်တဲ့ မြေအောက်မှာ ဘာရှိသလဲ ဆိုတာ လောက်ပဲ ရှာဖွေဖို့ ရည်ရွယ် ခဲ့ပေမယ့် တကယ် ရွှေတွေ့တော့ မြေကြီးထဲမှာ မဟုတ်ဘဲ ယူကလစ် သစ်ပင် တွေမှာ သွားတွေ့ ပါတယ်။
အဲဒီဒေသက ယူကလစ်သစ်ပင် တွေဟာ အကိုင်း အလက် ချိုးခံရ ပေမယ့်လည်း မူလ အတိုင်း ပြန်လည် ရှင်သန် နိုင်စွမ်းရှိတဲ့ အပင် တွေ ဖြစ်ပြီး အမြစ်တွေ ဟာလည်း မြေအောက် ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်း တာကြောင့် ရေသောက် မြစ် တွေက ဘယ်လို မြေအောက် ရေကို အသုံးချပြီး အပင်တွေ ကို ရှင်သန် စေသလဲ ဆိုတာတောင် ရှာရခက် ပါတယ်။ ဒီမှာ မေးစရာ ရှိတာက မြေကြီး အောက်က ရွှေတွေဟာ သစ်ပင် ကနေ ဘာကြောင့် ထွက်သလဲ ဆိုတာပါပဲ။
တကယ်တော့ ယူကလစ် သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျား လွန်းတာ ကြောင့် ရွှေတွေရှိတဲ့ မြေလွှာ ထဲအထိ ရောက်ရှိ နိုင်ပါတယ်။ သစ်ပင် တွေဟာ ဓာတ်ပစ္စည်း တွေကို မြေအောက် ကနေ သယ်ဆောင် နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလ အားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ အပင် တွေရဲ့ အဆိပ် ဖြစ်တာကြောင့် ဒီအပင် တွေကတော့ အထူး အဆန်းလို ဖြစ်နေ ပါတယ်။
ရွှေရှိတဲ့ မြေလွှာထဲ ရောက်နေတဲ့ အမြစ် တွေက ရွှေအပိုင်း အစ တွေကို စုပ်ယူပြီး နောက် အန္တရာယ် ရှိတဲ့ ဓာတ်ပေါင်း စည်း မှုတွေ မဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာ ရှိတဲ့ အရွက် ကျတွေဆီ ပို့ပေး လိုက် ပါတယ်။ ဒီဖြစ်စဉ်ကို ရှာဖွေ တွေ့ရှိသူ တွေက အစက မယုံကြ သေးပါဘူး။ ဖန်လုံအိမ် ထဲမှာလည်း အဲဒီ အပင်တွေ ရွှေတွေကို သယ် ဆောင် နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ ကြရာမှာ အမှန် ဖြစ်တယ် ဆိုတာ လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။
အဲဒီ ယူကလစ်အပင်တွေက ရွှေထွက် ပေမယ့် များပြားလှတာ မဟုတ် ပါဘူး။ အမှုန်အမွှား လောက်ပဲ ဖြစ်ဟန် တူပါတယ်။ ဘာကြောင့် လည်း ဆိုတော့ အဲဒီလို ရွှေ ထွက်တဲ့ အပင်ပေါင်း ၅၀၀ လောက် ပေါင်းမှ လက်ထပ် လက်စွပ် တစ်ကွင်းစာ လုပ်ဖို့ လုံလောက်တဲ့ ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။
အဲဒီတော့ ဒီအပင် တွေဟာ ရွှေထွက် ရာမှာ အသုံး မဝင်ရင် ဘယ်မှာသုံး ကြပါမလဲ။ ရွှေထုတ်တဲ့ နေရာမှ သုံးကြပါ တယ်တဲ့။ အပင်တွေ စိုက်ပြီး ရွှေ ရှိ၊မရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြော တွေကို ပေါက်တူး ပေါက်ပြီး ရှာစရာ မလိုတော့ ပါဘူး။
Alingar (လေးစားမှုဖြင့် ခရက်ဒစ်)