မျက်မမြင် ရှေ့ဖြစ်ဟော ဆရာမကြီး ဘာဘာဗန်ဂါရဲ့ ကွက်တိမှန်ခဲ့တဲ့ အနာဂတ်ဟောကိန်းများ

ထင်ရှားတဲ့ အဖြစ်အပျက်တွေကို ကြိုတင်ဟောကိန်း ထုတ်ခဲ့တာကြောင့် လူတွေ သတိထားမိခဲ့တဲ့ ဘူဂေးရီးယားနိုင်ငံသူ ဘာဘာဗန်ဂါရဲ့ အနာဂတ် ဟောကိန်းတွေ ထွက်ပေါ်လာပါတယ်။

ဘာဘာဗန်ဂါက မင်းသမီး ဒိုင်ယာနာ သေဆုံးမှု၊ ဆိုဗီယက်ယူနီယံ ပြိုကွဲမှု၊ ချာနိုဘိုင်း ဘေးအန္တရာယ်၊ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားတွေ ၂၀၀၁ခုနှစ်၊ စက်တင်ဘာလ၊ ၁၁ရက်မှာ အမေရိကန်နိုင်ငံကို တိုက်ခိုက်မှု၊ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ရက်မှာ ဥရောပသမဂ္ဂနဲ့ ဥရောပ အဏုမြူစွမ်းအင် အဖွဲ့အစည်းကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်မှု၊ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်း စတဲ့ ကမ္ဘာကျော် အဖြစ်အပျက်တွေကို ကြိုတင်ဟောကိန်း ထုတ်ခဲ့သူ ဖြစ်ပါတယ်။

ဘာဘာဗန်ဂါဟာ အသက် ၁၂ နှစ် အရွယ်မှာ အမြင်အာရုံ ဆုံးရှုံးသွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဘုရားသခင်က အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ရှားပါး လက်ဆောင်တစ်ခု သူမကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ နောက်ပိုင်း နှစ်တွေမှာ အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်ခဲ့ပြီး သူမရဲ့ ခန့်မှန်းချက် ၈၅ ရာခိုင်နှုန်းက မှန်ကန်ခဲ့ပါတယ်။

ဘာဘာက သူမ အသက် ၈၅ နှစ် ပြည့်တဲ့ ၁၉၉၆ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူမ မသေဆုံးမီ ကြိုတင် ခန့်မှန်းခဲ့တဲ့ ဟောကိန်းတွေထဲက လတ်တလော မှန်ကန်ခဲ့တဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကနေ ထွက်ခွာသွားပြီးနောက်မှာ ရောဂါဆန်း တစ်မျိုး ခံစားရလိမ့်မယ်။

(၂) ဥရောပရဲ့ စီးပွားရေး ကျဆင်းလိမ့်မယ်။

(၃) ကမ္ဘာမှာ ကပ်ဘေးဆိုးကြီးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်။

(၄) နေရောင်ခြည်သုံး မိုးပျံရထားတွေ ပေါ်လာလိမ့်မယ်။

ဘာဘာဗန်ဂါ ကြိုတင်ခန့်မှန်းထားတဲ့ အနာဂတ်ဟောကိန်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်-

(၁) ရုရှား သမ္မတ ပူတင်ကို သူနိုင်ငံသားတွေထဲက လုပ်ကြံဖို့ ကြိုးစားကြလိမ့်မယ်။

(၂) အစွန်းရောက် အကြမ်းဖက်သမားတွေက ဥရောပသားတွေကို ဓာတုလက်နက်တွေ သုံးပြီး တိုက်ခိုက်ကြလိမ့်မယ်။

(၃) အင်အားကြီးမားတဲ့ နဂါးက လူသားမျိုးနွယ်တွေကို စိုးမိုးလိမ့်မယ်။ (နိမိတ်ဖတ်သူတွေက နဂါးဆိုတာ တရုတ်ကို ကိုယ်စားပြုတာ ဖြစ်မယ်လို့ ယူဆကြပါတယ်။)

(၄) စကြာဝဠာထဲမှာ တခြား သက်ရှိတွေ ရှာဖွေတွေ့ရှိ လိမ့်မယ်။

(၅) နောက်နှစ်ပေါင်း ၂၀၀ အတွင်းမှာ ဂြိုလ်သားတွေနဲ့ အဆက်အသွယ် ရလိမ့်မယ်။

(၆) လူသားတွေအနေနနဲ့ တခြား ကမ္ဘာက သူတို့ရဲ့ ဝိဥာဥ် မောင်နှမတွေနဲ့ အဆက်အသွယ်ရလိမ့်မယ်။

(၇) သက္ကရာဇ် ၅၀၇၉ ခုနှစ်မှာတော့ စကြာဝဠာကြီး ပျက်ဆီး အဆုံးသတ် သွားလိမ့်မယ်။ “ဆိုတဲ့ ဟောကိန်းတွေပဲ ဖြစ်ပါတယ်။

ဘာဘာဗန်ဂါရဲ့ ကြိုတင် ဟောကိန်းတွေ မှန်၊ မမှန်ဆိုတာကိုတော့ အချိန်ကပဲ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ သူမရဲ့ ဟောကိန်း ၈၅ ရာခိုင်နှုန်းက မှန်ကန်ခဲ့တယ်ဆိုတာတော့ အသေအချာပါပဲ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page