ရှေ့တမ်းသို့တစ်ခါမှ ခြေမချဖူးသော်လည်း အမြင့်ဆုံး ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သူ
ရှေ့တမ်းသို့တစ်ခါမှ ခြေမချဖူးသော်လည်း အမေရိကန်စစ်တပ်၏ အမြင့်ဆုံး ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သူ..
ဒုတိယကမ္ဘာစစ် အတွင်း ဥရောပစစ်မျက်နှာတွင် မဟာမိတ်တပ်များကို ဦးဆောင်ခဲ့သည် ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး အဆင့်ရှိ တပ်မှူးကြီး နှင့် အမေရိကန်၏ ၃၄ ဦးမြောက်သော သမ္မတကြီး ဖြစ်လာခဲ့သူ အိုင်ဆင်ဟောင်ဝါသည် စစ်မှုထမ်းသက်တမ်း ၃၅ နှစ်တာကာလတလျောက်လုံးတွင် ရှေ့တမ်းစစ်မြေပြင်သို့ လုံးဝခြေချခဲ့ခြင်းမရှိပေ။
ထိုသို့ ဖြစ်ရခြင်းမှာ သူက ကြောက်ရွံ့သောကြောင့် ငြင်းဆိုခဲ့ခြင်းမျိုးမဟုတ်ပဲ ကံစီမံရာအတိုင်းပင် ရှေ့တန်းတာဝန်ချထားခြင်း မခံခဲ့ရသောကြောင့်ဖြစ်သည်။
အမေရိကန် စစ်အကယ်ဒမီမှ ဘွဲ့ရအပြီး ၁၉၁၅ မှစတင်ကာ အမေရိကန်ရှိ လေ့ကျင့်ရေးစခန်းများတွင်တာဝန်ကျခဲ့ပြီး ပထမကမ္ဘာစစ် အတွင်း ရှေ့တန်းတာဝန်ချရင်တောင်းဆိုခဲ့သော်လည်း အမိန့်မကျမှီစစ်ကြီးပြီးဆုံးခဲ့သည်။
နောက် ဆယ်စုနှစ် ၂ ခုအကြာ ဒုတိယကမ္ဘာစစ် ကာလဦးပိုင်းတွင်မူ အိုက်စင်ဟောင်ဝါသည် အမေရိကန်၏ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးဖြစ်နေခဲ့သည်။
လက်တွေ့စစ်မြေပြင်တွင်တိုက်ခိုက်ခဲ့သော အတွေ့အကြုံများမရှိသော်လည်း သူ၏ သာလွန်ကောင်းမွန် ထက်မြက်လှသော ခေါင်းဆောင်မှု အစွမ်း နှင့် အရေးကြီးပြသနာများကိုမှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကြောင့် အမေရိကန်သမိုင်းတွင် ၉ ဦးသာရရှိခဲ့သော ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး အဆင့်ကို ရရှိခဲ့သည်။
ဥရောပစစ်မျက်နှာတွင် မဟာမိတ်တပ်များကို ဦးဆောင်ခဲ့သည် တပ်မှူးကြီး တစ်ဦးအနေဖြင့် စစ်ရေးအတွေ့အကြုံရှိရန်မှာ ပထမဖြစ်ပြီး ခေါင်းဆောင်ပိုင်းသည် ဒုတိယသာဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သူများတွင် အိုက်ဆင်ဟောင်ဝါ အနီးအနားတွင်ရှိသော စစ်မြေပြင်များတွင် ပါဝင်တိုက်ခိုက်ခဲ့ဖူးသော ဗြိတိန်ဗိုလ်ချုပ်ကြီး မောင့်ဂိုမာရီ၊ အမေရိကန် စစ်တပ်မှဆိုရင် ဗိုလ်ချုပ် အိုမာ ဘရက်ဒလေ နှင့် ဂျော့ပက်တန်တို့ပါဝင်ခဲ့သည်။
သို့ရာတွင် အိုက်ဆင်ဟောင်ဝါ ၏ အရည်အချင်းကိုမူ သမိုင်းက ရှင်းလင်းစွာပြောပြခဲ့ပြီးဖြစ်သည်။ (သီဟ)