မြန်မာပြည်ကထွက်တဲ့ ကမ္ဘာ့မှာ အရှားဆုံးကျောက် (တကမ္ဘာလုံးမှာ ၂၆ လုံးပဲရှိပါတယ်)
မြန်မာပြည်ကထွက်တဲ့ ကမ္ဘာ့မှာ အရှားဆုံးကျောက်…
ကမ္ဘာမှာအရှားဆုံး ကျောက်မျက်ရတနာဟာ မြန်မာပြည်ကထွက်တဲ့ ပိန်းနိုက် Painite ပါ။ 2016 ခုနှစ်ကရေးခဲ့တာမို့ အချက်အလက် အပြောင်းအလဲရှိနိုင်ပါတယ်။ memory တက်လာတာတွေ့လို့ ပြန်ရှယ်လိုက်တာပါ။
ဘာကြောင့်အရှားဆုံးလဲဆိုရင် ၁၉၇၉ အထိ တကမ္ဘာလုံးမှာ ၂ လုံးပဲရှိပါသတဲ့။ အခုအထိ ရှားမှန်းသိလို့ ရှာတာတောင်မှ တကမ္ဘာလုံးမှာ ၂၆ လုံးပဲရှာတွေ့သေးပါတယ်။
ဘယ်ကထွက်သလဲဆိုရင် မြန်မာပြည်ကပဲထွက်တယ်လို့ယူဆထားပါတယ်။
ဘာကြောင့် ပိန်းနိုက်လို့ခေါ်သလဲ။ မစ္စတာပိန်း A.C.D. Pain ဟာ မြန်မာပြည်ကဝယ်ခဲ့ပြီး ၁၉၅၄ မှာ British Museum ကိုလှုတော့မှ ကမ္ဘာမှာ အရှားဆုံးကျောက်အဖြစ်စသိပြီး Painite လို့ Mr. Pain ကိုဂုဏ်ပြုခေါ်တာပါ။
ပိန်းနိုက်တခုခြင်း ရာဇဝင်ပြောရင်ရှည်မှာစိုးလို့ အနည်းအကျဉ်းပဲပြောပါရစေ။
ပိန်းနိုက် ၄ ဟာ ၂၀၀၁ မှာတွေ့ပြီး အခု US National Museum, Smithsonian Institute မှာရှိပါတယ်။
ပိန်းနိုက် ၅ က ထိုင်းက ဓါတ်ခွဲခန်းမှာ ပိန်းနိုက်မှန်းအဖြေထုတ်ပေးတဲ့အခါမှာ စတွေ့ပါတယ်။ မြန်မာပိုင်ရှင်က မရောင်းပဲမြန်မာပြည်ပြန်ယူသွားပါတယ်။ ကျနော်ထင်တာတော့ အန်ကယ်ဂျွန်ရဲ့စာအုပ်ထဲမှာပါလို့ ရှားမှန်းသိပြီး သိမ်းထားတယ်ထင်ပါတယ်။
ပိန်းနိုက် ၆ နဲ့ ၇ ဟာ နန်းမြ (နန်းရာဆိပ်) မြန်မာပြည်မြောက်ပိုင်းက တွေ့ပါသတဲ့။
ပိန်းနိုက် ၈ နဲ့ ၁၀ ဟာ မိုးကုတ် အုန်းကိုင်းကတွေ့ပါသတဲ့။ ကျန်ပိန်းနိုက်တွေဟာလည်း မိုးကုတ်ပတ်ဝန်းကျင်က တွေ့တာပါတဲ့။
ပိန်းနိုက် ၉ ဟာ ရန်ကုန်မှာ ဂျပန်တယောက်က စျေးခေါ်ရောင်းတာတွေ့ပြီး အခု ဆွစ်စလန်မှာတဲ့။
ပိန်းနိုက် ၂၅ ဟာ မိုးကုတ်အနောက်ဘက် ကျောက်ပြဿဒ်၊ ဝက်လူးမှော်က ထွက်သတဲ့။ မိုးကုတ်အရှေ့ဘက် သူရိန်တောင်မှာလည်းတွေ့ရတယ် ဆိုပါတယ်။
မှတ်သားစရာက ပန်းနိုက်ဟာ လိမ္မော်၊ ပန်းနု၊ အညို စသဖြင့် အရောင်ကွဲပြီးတွေ့ရတယ်တဲ့။
ကျနော်ဟာ မိုးကုတ်ဒေသခံမဟုတ်လို့ အချက်အလက် နေရာ အခေါ်အဝေါ်ကို ပြင်သင့်လျှင် ပြင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ကျနော့ရည်ရွယ်ရင်းက အားလုံးဗဟုသုတရဖို့။ ကမ္ဘာမှာ အရှားဆုံးကျောက်ဟာ မြန်မာကပဲထွက်တာ သိဖို့၊ ကိုယ့်မြေကိုယ့်ရေ တန်ဖိုးကို စျေးပေါပေါနဲ့ အချောင်နှိုက်တာ မခံမိကြဖို့ပါပဲ။
Richard Myo Thant
(9-Jul-2016)