တပ်ကအနားပေးလိုက်ပြီးနောက် အရပ်ဖက် ရထားကုမ္ပဏီမှာ ဝန်ထမ်း ဝင်လုပ်ခဲ့တဲ့ စင်ကာပူတပ်ချုပ်
တပ်ကအနားပေးလိုက်ပြီးနောက် အရပ်ဖက် ရထားကုမ္ပဏီမှာ ဝန်ထမ်း ဝင်လုပ်ခဲ့တဲ့ စင်ကာပူတပ်ချုပ်…
စင်ကာပူရထားကုမ္ပဏီမှာ စီမံခန့်ခွဲရတဲ့အလုပ်ဟာ နေ့စဉ်အောက်ခြေပြည်သူတွေရဲ့ သွားရေးလာရေး အစဉ်ပြေဖို့နဲ့ ပါတ်သက်နေတာကြောင့်၊ ပြည်သူ့အငြိုအငြင်ခံရနိုင်ခြေများပြီး၊ ခဏခဏလူကြီးပြောင်းရလေ့ရှိတဲ့ hot seat ဆိုရင်လဲ မမှားပါဘူး။
၁၉၈၇ ခုနှစ်မှာ စခဲ့တဲ့ စင်ကာပူရထားတွေဟာ အိုမင်းလာလို့ မကြာခဏရုံးတက်ရုံးဆင်းချိန်တွေမှာ ပြသနာဖြစ်တတ်လို့ တက်လာတဲ့ လူကြီးတိုင်း ခေါင်းစားကြရတဲ့ အလုပ်တခုပါ။ အဲ့ကုမ္ပဏီမှာ CEO အဖြစ်တက်လာတဲ့ တပ်ချုပ်ဟောင်း ကတော့ သူများနဲ့မတူတဲ့ စတိုင်တမျိုးနဲ့ စတန့်ထွင်ခဲ့ပါတယ်။ သူကိုင်တွယ်ရမယ့်ရထားကုမ္ပဏီက ပြသနာတွေရဲ့ အရင်းအမြစ်ကိုသိဖို့ သူ့ကားကို ရောင်းလိုက်ပြီး၊ ရထားစီး ရုံးတက်ခဲ့ပါသတဲ့။
သူ့ရှေ့ကလူတွေကတော့ တခါတရံ ရထားစီးပြပြီး ရှင်ဘုရင်လယ်ထွန်မျိုးသာ လုပ်ပြခဲ့ကြလေတော့၊ သူကားရောင်းလိုက်တဲ့ သတင်းက နာမည်ကြီးသွားခဲ့ပါတယ်။ သူက ရုံးတက်ဆင်းလွယ်အောင် အိမ်လည်းရုံးနဲ့နီးတဲ့နေရာဆီ ရွှေ့ခဲ့ပါသတဲ့။ တခါတရံ သူ့ကုမ္ပဏီကဆွဲနေတဲ့ ဘတ်စ်၊ တက္ကစီတွေ အခြေအနေသိဖို့အတွက် ရုံးသွားပြန်တွေမှာ စီးတတ်ပါသေးတယ်။
ငါ စစ်တပ်ကလာတဲ့ တပ်ချုပ်ဟောင်းပဲကွဆိုတဲ့ မိုးကျရွှေကိုယ်စိတ်နဲ့ အရပ်ဖက်ရုံးကို ပြောင်းလုပ်ခဲ့တာ မဟုတ်ဘဲ၊ စစ်တပ်ထဲက အခက်အခဲတွေနဲ့ မတူညီတဲ့ပုံစံအသစ်နဲ့ အရပ်ဖက်က အခက်အခဲတွေကို ငါ ဘယ်လိုရအောင် ဖြေရှင်းရင် ကောင်းမလဲ ဆိုတဲ့ စိတ်ဓါတ်က လေးစားစရာကောင်းလွန်းခဲ့လှ၍ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
တိုင်းပြည်အတွက် ကိုယ်ကျရာ တာဝန်ကနေ အကောင်းဆုံးလုပ်ပြချင်တတ်တဲ့ စိတ်ဓါတ်ကသည်ပင်လျှင် စစ်သားကောင်းတို့ရဲ့ အင်္ဂါရပ် တခုလို့ ပြောရင် မှားအံ့မထင်ပေ။
(Zin Min Nyein)