စင်ကာပူနိုင်ငံထက် မြန်မာပြည်က ပိုသာတဲ့ အချက်တွေ

စင်ကာပူနိုင်ငံထက် မြန်မာပြည်က ပိုသာတဲ့ အချက်တွေ…

ဒီနေ့ စနေနေ့ ရုံးပိတ်ရက်.. OT သွားယူတယ် sub con က စလုံး မန်နေဂျာ တစ်ယောက်နဲ့ စကား ပြော ဖြစ်တယ်.. သူကအရင် လာပြောတာ.. မင်းတို့ နိုင်ငံကလူတွေ စလုံးကိုတော်တော် လာကြတယ် နော် တဲ့.. ကိုယ်ကလည်း ဟုတ်တယ်လေ မင်းတို့ နိုင်ငံကဘာမှမထွက်တာလို့ လူသားရင်းမြစ်လည်းမရှိဘူးလေလို့ ဒါကြောင့် နိုင်ငံတကာကလူတွေလာပြီး လုပ်ပေး နေရတာလို့…

သူက – စလုံးပညာရေးက ကမ္ဘာကို ယှဉ်နိုင်တယ် တဲ့.. ပညာရေး ကို ငယ်စဉ်ကတည်းက စနစ်တကျ ပြုစုခဲ့ကြတာတဲ့.. ကမ္ဘာကလေးစားရတဲ့နိုင်ငံတဲ့..

ကျွန်တော် — မင်းတို့ စလုံး နစ်ပေါင်း ၅၀ ကျော်ပီ ကမ္ဘာ့အဆင့်မှီ ပုဂ္ဂိုလ် ဘယ်နယောက်ထွက်ဘူးလဲ ?? ဥပမာ – နိဗယ်ဆုရှင်တို့ ကမ္ဘာကျော်အားကစားသမားတို့ ဟောလီးဝုတ် ဆုရှင်တို့ ပေါ့ကွာ.. ရှိ ဘူးလားဆိုတော့ ဘားမှမပြောဘူး.. ငြိမ် လို့…

မင်းတို့ မြန်မာနိုင်ငံတည်ဆောက်ဖို့ ငါတို့ နိုင်ငံကို လာကြည့်ပြီး ဆောက်ခဲ့တာ.. ခုထိ လိုက်မမှီသေးဘူး ဆိုတော့.. ဟုတ်လို့လားတဲ့.. ဒါနဲ့.. အင်တာနက်က နေပြည်တော်လမ်းကို ပြလိုက်တယ်.. ဒီမှာကြည့် ဒါ ငါတို့ မြို့ကလမ်း.. ဘယ်နလမ်းမောင်းလည်းတောင် မရေနိုင်ဘူးလို့…

သူ သေချာကြည့်တယ်.. စလုံးမှာ ရှိလား ဆိုတော့.. အေး မရှိဘူးတဲ့.. အေး မင်းတို့ စလုံး မြန်မာကို မှီဖို့ နောက်အနစ် ၂၀ လည်း မဖြစ်နိုင်ဘူးလို့ ပြောပြီး ပြန်ထလာခဲ့တယ်.. ဆက်ပြောရင် ရှုံး တော့မှာလေ.. ဟီးဟီး… (LMK)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page